တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) က ထိုင်းနိုင်ငံသား တဦးကို ယမန်နေ့က ပြန်ပေးသဘောမျိုး ဖမ်းဆီးထားပြီးနောက် ထိုင်းအာဏာပိုင်များက ၎င်းတို့၏ နိုင်ငံသားများကို တာ့ခ်ခရိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်ဂိတ်မှတဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့် တားမြစ်လိုက်သည်။
တာ့ခ်ခရိုင် အုပ်ချုပ်ရေးမှူး မစ္စတာ ဆမတ် လွိုင်ဖာ က မြန်မာနိုင်ငံဘက်ခြမ်းတွင် အစိုးရတပ်များနှင့် ကရင် တပ်များကြား တိုက်ပွဲ ဖြစ်ပွားနေသောကြောင့် ထိုင်းနိုင်ငံသားများ၏ လုံခြုံရေးအတွက် မြန်မာနိုင်ငံသို့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခွင့် ယာယီ ပိတ်လိုက်ခြင်းသာ ဖြစ်ကြောင်း၊ အခြေအနေများ ပြန်လည် ကောင်းမွန်ပါက ပြန်ဖွင့်ပေးမည် ဖြစ်ကြောင်း ထိုင်းသတင်းဌာန Thai News Agency (TNA) သို့ ပြောသည်။
ထိုင်းနိုင်ငံသား၊ နိုင်ငံရေးသမား မစ္စတာ ခရိုင်ယန် ဆတ် ကို DKBA က ဖမ်းဆီးထားပြီး ထိုင်းဘတ် ၃ သိန်းဖြင့် ၎င်းအား ပြန်ရွေးရန် တောင်းဆိုသည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းတွင် ပါရှိသည်။
မစ္စတာ ခရိုင်ယန် ဆတ် သည် ယမန်နေ့က DKBA တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် ငွေကြေးကိစ္စ ဆွေးနွေးရန် နယ်ခြားကို ဖြတ်သန်း ဝင်ရောက်ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြုပြောဆိုသည်။
မစ္စတာ ခရိုင်ယန် ဆတ်သည် တာ့ခ် ခရိုင်၊ အုန်းဖျံဒေသရှိ တေးပါပိုရွာသားတဦးဖြစ်ပြီး ထိုင်းနိုင်ငံရေး ပါတီတခုဖြစ်သည့် Ruamajai Pattana ပါတီဝင် တဦးလည်းဖြစ်သည်။
DKBA ကမူ မစ္စတာ ခရိုင်ယန်ဆတ်သည် ၎င်းတို့အပေါ်တွင် အကြွေးတင်နေမှုများ ရှိနေသောကြောင့် ထိုသို့ ငွေကြေးတောင်းဆိုခြင်း ဖြစ်သည်ဟု ပြောထားသည်။
ဇန်နဝါရီလ ၉ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ဖြစ်ပွားခဲ့သည့် နအဖ တပ်များနှင့် DKBA တပ်များ၏ တိုက်ပွဲအတွင်း အစိုးရဘက်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းဘက်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်ခြားကော်မတီမှတဆင့် မြန်မာအာဏာပိုင်များထံသို့ ကန့်ကွက်စာတစောင်ကိုလည်း ယမန်နေ့က ပို့ခဲ့ကြောင်း သိရှိရသည်။
ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။
Thursday, January 13, 2011
ထိုင်းများ မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ယာယီပိတ်
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/13/2011 07:48:00 AM
ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး အနားယူတော့မလား
ဒုဗိုလ်ချုပ်မှူးကြီး မောင်အေး နေပြည်တော်ရှိ အစိုးရပိုင် နေအိမ်မှ ပြောင်းရွှေ့ရန် ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟူသော သတင်းများကြောင့် လာမည့် အစိုးရ အဖွဲ့အသစ်တွင် ပါဝင်တော့မည် မဟုတ်ဟု စစ်အစိုးရ အသိုင်းအ၀န်းက ထင်ကြေးပေး ပြောဆိုနေကြသည်။
ယခုကဲ့သို့ အိမ်ပြောင်းရွှေ့ရန် ပြင်ဆင်နေသည့် အချိန်သည် အစိုးရအဖွဲအသစ်၏ လွှတ်တော်သုံးရပ် ခေါ်ယူမည်ဟု ကြေညာချိန်နှင့် တိုက်ဆိုင်နေကြောင်း၊ ယမန်နှစ် ဇွန်လအတွင်းကလည်း ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် လက်ရှိ ရာထူးမှ အနားယူတော့မည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သေးကြောင်း စစ်အစိုးရ အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။
“ဦးအေးက မနှစ်ကတည်းက နားဖို့ပြောနေတာ ဗိုလ်ချုပ်မှူးကြီးက တားလို့ မနားတာလို့ ပြောတယ်။ ဗိုလ်ချုပ်မှူးကြီး နားမယ်လို့တော့ အသံမထွက်သေးဘူး” ဟု ၎င်းက ဆိုသည်။
ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ရာထူးမှ အနားယူမည်ဟု သတင်းများ ထွက်ပေါ်ခဲ့ပြီးနောက် ယမန်နှစ် သြဂုတ်လအတွင်း၌ တပ်တွင်း ရာထူး အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ပြီး ကာကွယ်ရေး ဦးစီးချုပ်နှင့် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်နေရာကို ဒု ဗိုလ်ချုပ်ကြီး သူရမြင့်အောင်နှင့် ဒု ဗိုလ်ချုပ်ကြီး ကိုကိုတို့ဖြင့် အစားထိုးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နေရာကို ဆက်ခံမည်ဟု အများက ယူဆနေသည့် ဗိုလ်ချုပ်ကြီး ရွှေမန်းမှာမူ တပ်မတော်မှ အငြိမ်းစား ယူသည့်စာရင်းတွင် ပါဝင်ခဲ့ပြီး ၎င်း၏ ကြည်း၊ ရေ၊ လေ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ကို ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပေးလိုက်ရသည်။
၂၀၁၀ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် စစ်အစိုးရ၏ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ (ကြံ့ဖွံ့ပါတီ) က လွှတ်တော် အမတ်နေရာ အများစုတွင် အနိုင်ရခဲ့ပြီး လာမည့် ဇန်န၀ါရီလ ၃၁ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး လွှတ်တော်တို့ကို ခေါ်ယူမည်ဖြစ်သည်။
နိုင်ငံတော် သမ္မတရာထူးအတွက် မည်သူတာဝန်ယူမည် ဆိုသည်ကို မသိရသေးသော်လည်း ဗိုလ်ချုပ်ကြီးဟောင်း ရွှေမန်းအား ရွေးချယ်ထားသည်ဟု လည်းကောင်း၊ ဗိုလ်ချုပ်မှူး သန်းရွှေပင် ဆက်လက် လုပ်ကိုင်မည်ဟူ၍လည်းကောင်း သတင်းများ ထွက်ပေါ်နေသည်။
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်သော ပြည်ထောင်စု လွှတ်တော်မှ သမ္မတနှင့် ဒုတိယ သမ္မတများကို ရွေးချယ်မည်ဖြစ်သည်။
ယမန်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့တွင် ကြံ့ဖွံ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးက “ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ။ ဒါကြောင့်လည်း ဒီလို တိုးတက်မှုတွေ ဆောင်ရွက်မယ့် အဖွဲ့အစည်းကို ထူထောင်တာပါ။ ဒါပေမယ့် သူမပါပါဘူး” ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ကြံ့ဖွံ့ပါတီ အနိုင်ရခဲ့လျှင် တင်သွင်းမည့် သမ္မတလောင်း စာရင်းကို ထိုစဉ်ကတည်းက လျာထားပြီး ဖြစ်ကြောင်းလည်း ပြောသွားသည်။
ဧရာဝတီသတင်းထောက် ရန်ပိုင် ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/13/2011 07:45:00 AM
အကျဉ်းသား ပေါ်တာများ လူသားမိုင်းရှင်း ကိရိယာအဖြစ် အသုံးခံနေရ
ကရင်ပြည်နယ်အတွင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ နအဖတပ်က အကျဉ်းသား ပေါ်တာများကို လူသား မိုင်းရှင်းကိရိယာအဖြစ် အသုံးပြုနေကြောင်း သိရ သည်။
မြန်မာနိုင်ငံ တ၀န်းရှိ အကျဉ်းထောင် အသီးသီးမှ အကျဉ်းသား ၆၀၀ ခန့်ကို ယင်းသို့ လူသား မိုင်းရှင်း ကိရိယာများ အဖြစ် အသုံးပြုနေခြင်း ဖြစ်သည်ဟု ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က ပြောသည်။
“ဒီအကျဉ်းသား တွေဟာလည်း လူသားတွေပဲ ဖြစ်ပါတယ်၊ ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဒီလိုမျိုး မလုပ်သင့်ပါဘူး၊ အခု စစ်အစိုးရ ကျင့်သုံးနေတဲ့နည်းက အကျဉ်းသားတွေကို သတ်နေတာနဲ့ အတူတူ ပါပဲ”ဟု ၎င်းက ဆိုသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ သတင်း အချက်အလက် တိတိကျကျ ရရှိရန်နှင့် လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ် မှု ဖြစ်သောကြောင့် အရေးယူ ဆောင်ရွက်နိုင်ရန် ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း ဦးဘိုကြည်က ပြောသည်။
ထို့သို့ မိုင်းရှင်းကိရိယာများ အဖြစ် အသုံးခံနေရသည့် အန္တရာယ်မှ လွတ်မြောက်လို သောကြောင့် မကြာသေးခင်က အကျဉ်းသားပေါ်တာ ၁၂ ဦးခန့် ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် ဘက်သို့ တိမ်းရှောင်လာကြကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၀ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက ခေါ်ဆောင်လာသော မကွေးတိုင်း ပခုက္ကူထောင်မှ ၎င်းအပါအ၀င် အကျဉ်း သား ၃၀ ခန့်သည် ထိုသို့ မိုင်းရှင်းခိုင်းမှု ကြုံခဲ့ရသည်ဟု အကျဉ်းသားပေါ်တာ တဦးဖြစ်သည့် ကိုသောင်းဌေးဦး အသက်၂၈ နှစ် ကလည်း ဧရာဝတီသို့ ပြောသည်။
ကိုသောင်းဌေးဦးက"ကျနော်တို့ က ပခုက္ကူထောင်ကနေ ငွေမပေးနိုင်လို့ရှေ့တန်းကို အပို့ခံရတဲ့လူတွေပါ၊ ပခုက္ကူထောင် က အယောက် ၃၀ ပါ တယ်၊ ရှေ့တန်းမှာ စစ်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ ထမ်းရတဲ့အပြင် ထမင်းချက်ရတယ်၊ ရေခတ် ရတယ်၊ တိုက်ပွဲဖြစ်ပြီးလို့ စစ်သားတွေ ကျန်ခဲ့တဲ့ပစ္စည်းတွေကိုလိုက် ကောက်ပေးရတယ်၊ အဆိုးဆုံးကတော့ မိုင်းတွေရှိတဲ့နေရာတွေဆိုရင် အကျဉ်းသားပေါ်တာတွေကို ရှေ့ကနေသွားခိုင်းတာပဲ မိုင်းနင်းမိတဲ့လူလည်း မနည်းဘူး၊ ဒါကြောင့် ဒီဘက်ကို အရဲ စွန့်လာရတာ"ဟု ပြောပြသည်။
ယမန်နေ့က ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးဒေသ ပလောတပို့ တပ်စခန်းမှ ကိုသောင်းဌေးဦးအပါအ၀င် ကိုတင်ဇော်မင်း ၂၁ နှစ်၊ ကိုမိုးရာဇာ ၁၇ နှစ် တို့ အကျဉ်းသား ပေါ်တာ ၃ ဦးသည် မဲဆောက်မြို့နယ် ကော်မနောင်း သို့ ရောက်ရှိလာရာ ဒုက္ခသည်အရေး ကူညီသူများက လက်ခံကူညီထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
၎င်းတို့ ၃ ဦး သည် ရဲ အပါအ၀င် ဒေသခံ အာဏာပိုင်များ၏ ဖိနှိပ်အနိုင်ကျင့်မှုအား ပြန်လည်ခုံခံရာမှ ရာဇ၀တ်မှု ကျူးလွန် သည့် ပုဒ်မများဖြင့် ပခုက္ကူထောင်၌ ပြစ်ဒဏ်ကျခံနေရသူများ ဖြစ်ကြောင်းလည်း သိရသည်။
အကျဉ်းသားပေါ်တာ ကိုမိုးရာဇာ ကလည်း"ကျနော်တို့အမေကို ရဲက အသားလွတ် ပါးရိုက်တဲ့အတွက် ဒေါသဖြစ်ပြီး ကျနော့် အစ်ကို တင်ဇော်မင်းနဲ့ ကျနော်ဝိုင်းရိုက်လိုက်တာ လက်လွန်သွားပြီး ထောင် ၅ နှစ်စီ ကျသွားတာပါ၊ ဟိုမှာလည်း အနိုင်ကျင့် ခံရ ဒီရောက်လည်း ထပ်ခံရတာနဲ့ မထူးတော့တဲ့အတူတူ သေသေရှင်ရှင် ဒီဘက်ထွက်လာဖို့ ဆုံးဖြတ်လိုက် တာပါ"ဟု ပြောသည်။
ပခုက္ကူထောင်တွင် ရှေ့တန်း စစ်မြေပြင်သို့ အပို့ခံရမည့် အကျဉ်းသားများ အနေနှင့် ထောင်ပိုင်ကို တဦးလျှင် ကျပ် ၁ သိန်း ခန့် ပေးနိုင်ပါက ရှေ့တန်းသွားရန်မလိုဘဲ ငွေမပေးနိုင်သည့် အကျဉ်းသားများနှင့် အစားထိုးသည်ဟုလည်း ကိုမိုးရာဇာ က ဆက်ပြောသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ၌ နအဖ တပ်များက အကျဉ်းသားပေါ်တာ ရာနှင့်ချီ အသုံးပြုမှု ရှိနေကြောင်း လည်း ကိုသောင်းဌေးဦး က ပြောပြသည်။
ယင်း အကျဉ်းသား ပေါ်တာများသည် ပခုက္ကူ ၊ မော်လမြိုင်၊ ဘားအံ စသည့် ထောင်များအပါအ၀င် နိုင်ငံတ၀န်းရှိ အကျဉ်းထောင်များမှ ဖြစ်သည်ဟု သိရသည်။
တိုက်ပွဲအတွင်း နအဖ တပ်များက အကျဉ်းသား ပေါ်တာများကို အရှေ့တွင်ထား၍ တိုက်ခိုက်မှုများကို ကြုံခဲ့ရသည်ဟု DKBA တပ်မဟာ ၅ ဖလူး ဒေသ စခန်းထိုင် စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောသရီးထူးလည်း ပြောဆိုသည်။
“အကျဉ်းသား ပေါ်တာတွေကို အရှေ့က တက်ခိုင်းတယ်၊ ကျနော်တို့က ငဲ့ညှာပါတယ်၊ သူတို့ ကို ကာဗာယူတယ်၊ ကျနော် တို့ကလည်း အပစ်မဖြစ် ပစ်ရတယ်၊ သူတို့ ကျနော်တို့ ရှေ့မှာပဲ ကျတယ်၊ သိတယ်၊ ဒါ ကျနော်တို့ မကြည့်ရက်ဘူး၊ ဒါပေ မယ့် ကျနော်တို့ကလည်း မဆုတ်ပေးနိုင်ဘူး ဆိုတော့ ကျနော်လည်း ပစ်ရတာပဲ”ဟု ၎င်းက ဆိုသည်။
အကျဉ်းသား ပေါ်တာများထွက်ပြေးလာသည့် မြ၀တီခရိုင် ဖလူးဒေသ တွင် နအဖ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ တပ်ရင်း ၇ ရင်း စစ်ရေးလှုပ်ရှားလျက် ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္ဂနွေ နှင့် တနင်္လာ နေ့ တိုက်ပွဲကာလအတွင်း နအဖ တပ်များက DKBA တပ်များ ရှိနိုင်သည့် နေရာများသို့ လက်နက်ကြီး ကျည် ရာနှင့်ချီ၍ ပစ်ခတ်ရာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲသည့် အတွက် ယမန်နေ့က မြန်မာမာစစ်အစိုးရကို ထိုင်းအာဏာပိုင်များက ကန့်ကွက်စာ ပေးပို့ထားသည်။
ပြီးခဲ့သည့် တိုက်ပွဲများအတွင်း နှစ်ဘက် တပ်များ ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်း သိရသော်လည်း သီးခြား အတည်ပြုချက် ရယူ နိုင်ခြင်း မရှိသေးပေ။
ရွေးကောက်ပွဲ ကျင်းပနေစဉ် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက် နှင့် ၈ ရက်နေ့က မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ် နီးပါးတိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/13/2011 07:41:00 AM
၁၂.၀၁.၂၀၁၁ အတွက် RFA Burmese မှသတင်းများ
2011-01-12
ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး မပြတ်စောင့်ကြည့်ရန် အမေရိကန် ဆွေးနွေးမည်
2011-01-12
2011-01-12
ABSDF အပေါ် ကန့်သတ်ချက် အမေရိကန်လူဝင်မှုကြီးကြပ်ရေး ဖယ်ရှား
2011-01-12
ကရင်ပြည်နယ် တိုက်ပွဲများမှာ ကလေးစစ်သားတွေ မြန်မာစစ်တပ် အသုံးပြု
2011-01-12
ဘတ်စ်ကားခ လျှော့ချရေး ကလေးမြို့မှာ ကျောင်းသားများ လမ်းလျှောက် အရေးဆို
ကလေးမြို့မှာ ကျောင်းကားခတွေ ရုတ်တရက် မြှင့်တင်လိုက်တဲ့အတွက် တက္ကသိုလ် ကျောင်းသား ၃၀၀ ခန့်က အာဏာပိုင်တွေဆီမှာ ဇန်နဝါရီ ၁၂ ရက် ဒီကနေ့ မနက် အရေးဆို တင်ပြကြတယ်လို့ သတင်းရရှိပါတယ်။2011-01-12
NDF ပါတီ အနိုင်ရ ကိုယ်စားလှယ်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တရားစွဲ
2011-01-12
ဂီရိမုန်တိုင်းဒုက္ခသည်များအား ဒေါ်လာ တသန်းခွဲ အမေရိကန် ထပ်မံကူညီမည်
2011-01-12
အမျိုးသားလူငယ်ကွန်ရက် ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ
မူလသတင်းရင်းမြစ်
RFA News
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/13/2011 07:38:00 AM
၁၂.၀၁.၂၀၁၁ အတွက် DVB မှသတင်းများ
မူလသတင်းရင်းမြစ်
dvb news
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/13/2011 07:37:00 AM
Thursday, January 6, 2011
သံလွင်အနောက်ခြမ်း စစ်တပ်တိုးချဲ့မှု - တောင်ပိုင်း ၀ ကိုပစ်မှတ်ထားခြင်းဖြစ်ဟု စ၀်ယွတ်စစ်သုံးသပ်
သျှမ်းပြည်တောင်ပိုင်း နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲ၌ နအဖစစ်တပ်တိုးချဲ့ခြင်းသည် ထိုင်းနယ်စပ်အခြေစိုက် တောင် ပိုင်း ၀ တပ်ကို တိုက်ခိုက်ရန် ပစ်မှတ်ထားခြင်း ဖြစ်နိုင်ကြောင်း ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ်ကသုံးသပ်ပါ သည်။
“ခိုလမ်မှာ တိုင်းစစ်တခုတိုးချဲ့မယ်ဆိုတာကတော့ မသိဘူး။ တပ်မတခုတော့တိုးချဲ့ဖွဲ့စည်းမယ်ဆိုတာတော့ သေချာ တယ်။ တောင်ပိုင်း ၀ တပ်ကို ခြေမှုန်းတိုက်ခိုက်ဖို့ နအဖရဲ့ စစ်ရေးစီမံချက်မှာ တစ်စိတ်တစ်ပိုင်းပါဝင်တယ်။ ဒု-ဗိုလ်ချုပ် မှူးကြီးမောင်အေးက UWSA ရဲ့ စစ်ဒေသ ၁၇၁ ကို တိုက်ခိုက်ဖို့ ပစ်မှတ်ထားတာဖြစ်မယ်” - ဟု သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS) ဥက္ကဋ္ဌ/သျှမ်းပြည်တပ်မတော် တောင်ပိုင်း(SSA-S)ခေါင်းဆောင် စ၀်ယွတ်စစ်က သုံး သပ်ပါသည်။
သျှမ်းပြည်တောင်ပိုင်း၌ နအဖစစ်တပ်အင်အားတိုးချဲ့လိုက်ခြင်းသည် UWSA ၀ တပ်ဖွဲ့၏ သံလွင်အနောက်ဘက်ကမ်း ကူးလူးဆက်သွယ်မှု ဖြတ်တောက်ပစ်သကဲ့သို့ SSA တပ်မဟာ ၁ နှင့် လက်နက်ကိုင်တိုက်ခိုက်ဆဲ SSA တောင်ပိုင်း တို့အကြား ပိတ်ဆို့လိုက်ခြင်းလည်းဖြစ်သည်ဟု အများကသုံးသပ်နေချိန်တွင် စ၀်ယွတ်စစ်က ထိုကဲ့သို့သုံးသပ်ခြင်းဖြစ် သည်။
“ထိုးစစ်ဆင်တိုက်ခိုက်မှု အချိန်မရွေးဖြစ်နိုင်တယ်။ လွှတ်တော်အစည်းအဝေးမခေါ်ခင်လဲဖြစ်နိုင်တယ်။ တောင်ပိုင်း ၀ တပ် စစ်ဒေသ ၁၇၁ ဟာ ဌါနချုပ်ပန်ဆန်းနဲ့ မိုင် ၂၀၀ လောက်ဝေးပြီး ကြားမှာလဲ နအဖတပ်တွေ ရှိနေတယ်ဆိုတော့ လာကူဖို့သိပ်မလွယ်ဘူး”
မြောက်ပိုင်း ၀ နယ်နှင့် တောင်ပိုင်း ၀ နယ်အကြား မိုင်းဖြတ်မြို့၌ စစ်ဆင်မှုကွပ်ကဲရေးဌါနချုပ် စကခ ၁၈၊ မိုင်းဆတ်၌ စကခ ၁၄၊ မိုင်းပန်၌ စကခ ၁၇ နှင့် ကျိုင်းတုံ၌ တြိဂံတိုင်းစစ်ဌါနချုပ်တို့ တည်ရှိသည်။
သျှမ်းပြည်တောင်ပိုင်း မိုင်းရှုးမြို့နယ်နှင့် ကွန်ဟိန်းမြို့နယ်သို့ ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး သွားရောက်လည်ပတ်ပြီး နောက် ကာလိ၊ မိုင်းဇန်နှင့် ခိုလမ်ကျေးရွာအုပ်စုတို့ကို မြို့နယ်ခွဲအဆင့် တိုးချဲ့ဖွဲ့စည်းကာ စစ်တပ်များလည်း တိုးချဲ့ရန် ညွှန်ကြားထားခြင်းဖြစ်သည်ဟုဆိုသည်။ နမ့်ဇန်မြို့နယ် ခိုလမ်မြို့နယ်ခွဲသစ်တွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ် တိုးချဲ့အခြေစိုက်မည်ဟု ဒီဇင်ဘာလနှောင်းပိုင်းက သတင်းများထွက်ပေါ်ခဲ့သည်။
သျှမ်းပြည်၌ အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ်(ရပခ)ကို (ကရင်နီပြည်ပူးတွဲထိန်းချုပ်)တောင်ကြီး၌လည်းကောင်း၊ အရှေ့ မြောက်ပိုင်းတိုင်းစစ်ဌါနချုပ်(ရမခ)ကို လားရှိုး၌လည်းကောင်း၊ တြိဂံတိုင်းစစ်ဌါနချုပ်(တစခ)ကို ကျိုင်းတုံ၌လည်း ကောင်း အခြေစိုက်ထားရှိသည်။
ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေးသည် တရုတ်၊ ကိုးကန့်နှင့် ၀ တို့အား အခြားတိုင်းရင်းသားများထက် ပစ်မှတ်ထားကြောင်း၊ ယမန်နှစ် ကိုးကန့်အား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့စဉ်ကလည်း ဒု-ဗိုလ်ချုပ်မှူးကြီးမောင်အေး၏လက်ချက်ဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။
“အရှေ့အလယ်ပိုင်းတိုင်းစစ်ဌါနချုပ်ဖွဲ့စည်းအခြေစိုက်ဖို့ဆိုတာ စီမံကိန်းချတုံးဘဲ။ ချက်ချင်းလုပ်ငန်းလည်ပတ်ဖို့ဆို တာ မဖြစ်နိုင်သေးဘူး။ ပြီးခဲ့တဲ့ လပတ်အစည်းအဝေးမှာ သျှမ်းပြည်မြောက်ပိုင်းမှာလဲ စစ်တပ်တွေ တိုးချဲ့ဖွဲ့စည်းပြီး စစ်အင်အားထပ်ဖြည့်အုံးမယ်လို့ဆုံးဖြတ်တယ်” ဟု လားရှိုး စရဖ အသိုင်းအ၀ိုင်းနှင့်နီးစပ်သူတစ်ဦးက ပြောပါသည်။
တောင်ပိုင်း ၀ နယ် စစ်ဒေသ ၁၇၁ လက်အောက်ခံတပ်မဟာ ၅ ခုရှိပြီး ၇၇၂ မိုင်းကျွက်၊ ၇၇၅ ဟွေအော့၊ ၇၇၈ ခိုင်းလုံ၊ ၂၄၈ ဟိုယွက်-ဟိုပန်နှင့် ၅၁၈ မိုင်းယွမ်းတို့၌ အသီးသီးအခြေစိုက်ကြသည်။
မူလသတင်းရင်းမြစ်
သျှမ်းသံတော်ဆင့်
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:29:00 AM
ကျိုင်းတုံလွယ်မွေ ရေဒါစခန်းပေါ် ပျံဝဲသော လေယာဉ်ထပ်တွေ့က ပစ်ချရန် အမိန့်ချ
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေ အခြေစိုက် နအဖရေဒါတပ်စခန်းမှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ်တစီး တွေ့ရှိ သဖြင့် နောက်တကြိမ်တွေ့ရှိပါကပစ်ချရန် လေကြောင်း ရန်ကာကွယ်ရေးစစ်ဌာနချုပ်က အမိန့်ထုတ်ထား ကြောင်း ကျိုင်းတုံသတင်းရပ်ကွက်က ဆိုသည်။
“ဒီဇင်ဘာ ၂၁ ရက် နေ့လည် ၁၁ နာရီ ၁၅ မိနစ်မှာတွေ့တာ။ ရေဒါစခန်းအထက် ပေ ၅၀၀၀ မှာဝဲနေတာ ၃ မိနစ်လောက် ကြာ တယ်။ လေယာဉ်က အဖြူရောင်လေးဘဲ။ တချို့ကအဲ့ဒီလေယာဉ်က အမေရိကန်လုပ် မောင်းသူမဲ့ UAV လေယာဉ် အမျိုးအစား တဲ့” ဟု ကျိုင်းတုံ စစ်အာဏာပိုင်များနှင့် နီးစပ်သူတဦးကပြောသည်။
အဆိုပါ UAV လေယာဉ်ကို လေကြောင်းရန်ကာကွယ်ရေးတပ်-လကတ ၂၀၁၁ က စစ်သည်/အရာရှိတချို့တို့တွေ့ ရှိခဲ့ခြင်းဖြစ်ပြီး အထက်ကို တင်ပြရာ အလားတူ အမျိုးအမည်မသိ လေယာဉ်ပျံသန်းမှုမျိုး မျက်မြင်ဖြင့်ဖြစ်စေ ရေဒါဖြင့် ဖမ်းယူရရှိခြင်း ဖြင့်ဖြစ်စေ -ထပ်မံတွေ့ရှိခဲ့ပါက သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နှင့် လေကြောင်းရန်ကာကွယ်ရေး စစ်ဌာနချုပ် (လရခ)သို့ အချိန်မီသတင်းပို့ရန် နှင့် လေယာဉ်ပစ်အမြောက် / ပုခုံးထမ်း ဒုံးကျည်များဖြင့်ပစ်ချရန် လရခ က အမိန့်ထုတ်ထားကြောင်း သိရသည်။
“တွေ့တွေ့ချင်းအကြောင်းကြားဖို့နဲ့ ပစ်ချဖို့ အမိန့်ထုတ်ထားတယ်။ ဒီလို အချိန်နဲ့တပြေးညီဆောင်ရွက်နိုင်ဖို့လဲ စစ်သင်တန်းတွေ လေ့ကျင့် ပေးသွားမယ့် အစီအစဉ်ရှိတယ်လို့ ကြားရတယ်” - ဟု ၄င်းက ဆက်လက်ပြောပြခဲ့သည်။
တဖက်၌လည်း လေကြောင်းရန်ကာကွယ်ရေးစစ်ဌာနချုပ်က မှာယူထားသော (ရုရှားလုပ်ပခုံးထမ်းဒုံးလက်နက်နှင့်ပုံစံတူ) တရုတ် လုပ် Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်းဒုံးလက်နက်များ ဒီဇင်ဘာလအတွင်းက ရန်ကုန်သီလ၀ါ ဆိပ်ကမ်းသို့ ဆိုက် ရောက်ခဲ့ပြီး သျှမ်းပြည်တွင်း နအဖလက်နက်ကြီးတပ်၊ သံချပ်ကာတပ်များထံ ထပ်မံပို့ဆောင်ဖြန့်ဝေ ခဲ့ပြီးဖြစ်ကြောင်း ရပခ တိုင်းရုံးနှင့်နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
မူလသတင်းရင်းမြစ်
သျှမ်းသံတော်ဆင့်
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:26:00 AM
ကြာအင်းဆိပ်ကြီးမြို့ အိတ်ချိန်းရုံးဝင်းအတွင်း ဗုံးပေါက်ကွဲ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အော်တိုအိတ်ချိန်းရုံးဝင်း အတွင်းရှိ ဆက်သွယ်ရေး တာဝန်ခံ၏ နေအိမ်အနီး၌ ဂျန္န၀ါရီ ၃ ရက်နေ့ နံနက် ၂ နာရီခန့်က ဗုံးတစ်လုံး ပေါက်ကွဲခဲ့ကြောင်း ယမန်နေ့ထုတ် နအဖပိုင်သတင်းစာ တွင် ဖေါ်ပြထားသည်။
ဆက်သွယ်ရေးတာဝန်ခံ၏ နေအိမ်အနောက်ဘက် မီးဖိုချောင်အနီး၌ ၎င်းဗုံးပေါက်ကွဲမှုကြောင့် နေအိမ်အုပ်နံရံ ၊ ပြူတင်းပေါက် ၊ သွပ်အမိုးနှင့် တံခါးမကြီးတို့ ပျက်စီးသွားပြီး ၄င်းနေရာအနီးတွင် အမျိုးသားတစ်ဦး၏ ခန္တာကိုယ် အစိတ်အပိုင်းများ တွေ့ရသည်ဟု ဆိုသည်။
ဗုံးထောင်သူ၏ ခန္တာကိုယ်အစိတ်အပိုင်းများ ဖြစ်ဖွယ်ရှိသည်ဟု သတင်းစာက ဆိုထားသော်လည်း မည်သည့်အဖွဲ့အစည်း ၏ လက်ချက်ဖြစ်ကြောင်း ဖေါ်ပြထားခြင်းမရှိပေ။
လွန်ခဲ့သည့်နှစ် ၂၀၁၀ ခုနှစ်အတွင်း မြန်မာနိုင်ငံနေရာအနှံအပြားတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ခဲ့ပြီး အောက်တို ဘာလ ဆန်းပိုင်းက မြ၀တီမြို့ အမှတ် ၄ ရပ်ကွက်ရှိ ရုပ်မြင်သံကြား ထပ်ဆင့်လွင့်တိုင် အနီးတွင်ဗုံးပေါက်ကွဲမှုခဲ့ သေးသည်။
အဆိုပါဗုံးပေါက်ကွဲမှုများကို နအဖက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတိုက်အခံ ဒီမိုကရေစီအင်အား စုများ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပုံချလေ့ရှိသည်။
ယခုအခါ ကရင်ပြည်နယ် မြ၀တီမြို့တောင်ဘက် ဝေါ်လေဒေသတွင် နယ်ခြားစောင့်တပ်လက်မခံသည့် တိုးတက် သော ကင် ဗုဒ္ဓဘာသာတပ်မတော် DKBA တပ်ဖွဲ့များနှင့် နအဖစစ်တပ်တို့ကြား တိုက်ပွဲများလွန်ခဲ့သည့်နှစ် ယနေ့ အထိ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
မူလသတင်းရင်းမြစ်
သျှမ်းသံတော်ဆင့်
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:23:00 AM
နေပြည်တော် လေဆိပ် စီမံကိန်း တရုတ်လည်း ဝင်ရောက်လုပ်ကိုင်
နေပြည်တော်ရှိ အေလာ၌ နိုင်ငံတကာ အဆင့်မီဖြစ်အောင် တိုးချဲ့တည်ဆောက်နေသော လေဆိပ် စီမံကိန်းတွင် တရုတ်ကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ သန်း ၁၀၀ ဖြင့် ဝင်ရောက် လုပ်ကိုင်မည် ဟု သိရသည်။
ယမန်နှစ် နိုဝင်ဘာလအတွင်းက ဝန်ကြီးချုပ် ဦးသိန်းစိန်သည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်ပင်မြို့တွင် ပြုလုပ်သည့် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ တရုတ်နိုင်ငံတို့ တက်ရောက်သည့် စီအယ်လ်အမ်ဗီနှင့် အက်မက်စ် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ကြောင်း၊ ထို့နောက် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် တရုတ် ဆက်သွယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးကုမ္ပဏီ (CCC) နှင့် စစ်အစိုးရတို့ နေပြည်တော် လေဆိပ်တိုးချဲ့ရေး စီမံကိန်းအတွက် လက်မှတ်ရေးထိုးခဲ့ကြကြောင်း ဇန်နဝါရီလ ၃ ရက်နေ့ထုတ် ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာတွင် ရေးသားထားသည်။
နေပြည်တော် လေဆိပ် တိုးချဲ့တည်ဆောက်ရေးအတွက် အေးရှားဝေါလ် ကုမ္ပဏီကိုလည်း ဒေါ်လာ သန်း ၂၅၀ ဖြင့် တည်ဆောက်ခွင့် ပေးထားသေးကြောင်း ပြည်တွင်း စီးပွားရေးသမားတဦးက ပြောသည်။
နေပြည်တော် နိုင်ငံတကာ လေဆိပ်တွင် အပြည်ပြည်ဆိုင်ရာ ခရီးသည်တင် လေယာဉ်များ ဆိုက်ကပ်နိုင်မည့် အဆောက်အအုံ၊ လေယာဉ်ပြေးလမ်းများနှင့် ပြည်တွင်း ခရီးစဉ် အသုံးပြု အဆောက်အအုံသစ်များကို တပြိုင်နက်တည်း ဆောက်လုပ်လျက်ရှိပြီး ၂၀၁၁ ခုနှစ်အစောပိုင်းတွင် ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားကြောင်း Eleven မီဒီယာက ယမန်နှစ်ကုန်ပိုင်းတွင် သတင်းရေးသား ဖော်ပြခဲ့သည်။
စင်ကာပူအခြေစိုက် အရှေ့တောင်အာရှ လေ့လာရေးဌာနမှ သုတေသီ မစ္စတာ ပါဗင် ချာချာဗယ်ပုံပွန်က တရုတ်နှင့် မြန်မာ စီးပွားရေး ဆက်ဆံမှု တိုးမြင့်လာသော်လည်း သံသယနှင့် မယုံကြည်မှုများ ရှိနေခြင်းနှင့် ပတ်သက်၍ “တရုတ်ကနေပြီး အကြီးအကျယ် လာရောက် ရင်းနှီးမြှုပ်နှံနေတာကို မြန်မာ အစိုးရက အမြဲ ကြိုဆိုနေသည့်တိုင် ဒီ ရင်းနှီးမြှုပ်နှံမှုတွေကို တခါတလေမှာ သံသယတွေနဲ့ လက်ခံရတာ ဖြစ်ပါတယ်” ဟု အဆိုပါ South China Morning Post သတင်းစာသို့ ပြောထားသည်။
လေဆိပ်အသစ် တည်ဆောက်ရေးအပြင် တရုတ် ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ရေး ကုမ္ပဏီ Sinohydro ကလည်း မြန်မာနိုင်ငံတွင် တရုတ်ယွမ်ငွေ သန်း ၉၀.၈ တန်ဖိုးရှိသည့် ကီလိုဝပ် ၁၂၀,၀၀၀ ထုတ်လုပ်နိုင်မည့် ရေအားလျှပ်စစ် စီမံကိန်းတခု တည်ဆောက်မည်ဟု သိရသည်။
၂၀၁၀ ခုနှစ် ဇန်န၀ါရီလမှ မေလအထိ မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံ ရှိပြီး ၅ ဘီလီယံမှာ ရေအားလျှပ်စစ် စီမံကိန်းများ၌ မြုပ်နှံထားသည်ဟု သိရှိရသည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွင်း ရင်းနှီးမြုပ်နှံမှုများကို ပိုမို တိုးမြှင့်ခဲ့ရာ ယမန်နှစ် ဇွန်လအတွင်း က တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်၏ မြန်မာနိုင်ငံ ခရီးစဉ်တွင် စီးပွားရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူ စာချုပ်အများအပြား ချုပ်ဆိုနိုင်ခဲ့သည်။
တရုတ် ၀န်ကြီးချုပ်၏ ခရီးစဉ်အပြီးတွင် တရုတ် အကြီးစား လက်နက် ကုမ္ပဏီတခုဖြစ်သည့် Norinco သည် မုံရွာမြို့အနီးရှိ ကြေးစင်တောင်မှ ကြေးနီများထုတ်ယူရန် သဘောတူညီမှု ရရှိခဲ့သည်။
ထို့အပြင် မန္တလေးတိုင်း ရွှေလီမြစ်ရိုး အနီးရှိ တကောင်းမြို့နှင့် မြတောင်ရွာအကြားတွင် နီကယ်လ်စက်ရုံတခု တည်ဆောက်နေကြောင်း၊ ထွက်ရှိသည့် နီကယ်လ်နှင့် ခရိုမိုက် သတ္တုများကို ထုတ်ယူပြီး တရုတ်ပြည်သို့ တင်ပို့မည် ဖြစ်ကြောင်း၊ ယခုနှစ် ဇွန်လတွင် စတင်လည်ပတ်နိုင်မည်ဟု သိရကြောင်း တကောင်းမြို့ ခံတဦးက ဧရာဝတီသို့ ပြောသည်။
“စက်ရုံဆောက်တဲ့ အလုပ်သမားကအစ တခါတည်း တရုတ်က ခေါ်လာတာ၊ ၂၀၀၀ လောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။
တရုတ်လူမျိုး အများအပြား ရောက်ရှိနေသည့်အတွက် ဒေသအတွင်း၌ မြန်မာလူငယ်နှင့် အမျိုးသမီးများအကြား လူမှုရေးနှင့် အကျင့်စာရိတ္တ ပျက်ပြားမှုများ၊ ခိုက်ရန်ဖြစ်ပွားမှုများ ဖြစ်ပေါ်နေကြောင်း အဆိုပါမြို့ခံက ဆက်လက်ပြောပြသည်။
ထို့အပြင် အရှေ့တောင်အာရှ နိုင်ငံများနှင့် တရုတ်နိုင်ငံသို့ ဆက်သွယ်ပေးမည့် မီးရထားလမ်းစီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် ယူနန်ပြည်နယ် ကူမင်းမြို့နှင့် ရန်ကုန်မြို့သို့ ဆက်သွယ်သည့် မီးရထားလမ်းကိုလည်း ယခုနှစ်အတွင်းတွင် စတင် ဖောက်လုပ်မည်ဖြစ်သည်။
အဆိုပါ ကူမင်း-ရန်ကုန် လမ်းပိုင်းသည် အရှည် ကီလိုမီတာ ၁၉၂၀ ရှိပြီး ၁ နာရီလျှင် ကီလိုမီတာ ၂၀၀ နှုန်း မောင်းနှင်နိုင်မည် ဖြစ်ကြောင်း၊ ယူနန်ပြည်နယ် ကူမင်းမြို့ကို ဗဟိုထားပြီး မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့သို့ ဖောက်လုပ်သွား မည်ဖြစ်ပြီး ထိုင်းနိုင်ငံကိုလည်း ဖြတ်သန်းသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအခါ ဘင်္ဂလားပင်လယ်အော် အတွင်းရှိ ကျောက်ဖြူရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ရခိုင်ကမ်းလွန်မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့များကို ရခိုင်ပြည်နယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ရှမ်းပြည်နယ်ကို ဖြတ်ပြီး တရုတ်နိုင်ငံကူမင်းမြို့သို့ သယ်ယူမည့် စီမံကိန်းကိုလည်း တရုတ်ကုမ္ပဏီများက စတင်လုပ်ကိုင်နေပြီ ဖြစ်သည်။
ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တရုတ်ပြည်ခရီးစဉ် အပြီးတွင် တရုတ်အစိုးရက မြန်မာ စစ်အစိုးရကို ယွမ် ဘီလီယံ ၃၀ (အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ) အတိုးမဲ့ ထုတ်ချေးရန် သဘောတူခဲ့သည်။
ဧရာဝတီသတင်းထောက် ရန်ပိုင်ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:21:00 AM
မန္တလေးရှိ စက်သုံးဆီဆိုင်များ ဖျက်သိမ်းရမည်
မန္တလေး မဟာအောင်မြေ မြို့နယ်အတွင်းရှိ တနိုင်တပိုင် စက်သုံးဆီဆိုင် ၉၁ ဆိုင်ကို အာဏာပိုင်များက ဇန်န၀ါရီလ ၇ ရက်နေ့ နောက်ဆုံးထား၍ အပြီးဖျက်သိမ်းခိုင်း ထားကြောင်း သိရသည်။
မန္တလေး ခရိုင်အဆင့်ရှိ အာဏာပိုင်များ၏ အမိန့်ဖြင့် တပတ်အတွင်း အပြီးဖျက်သိမ်းကြရန် ညွန်ကြားထားကြောင်း၊ သတ်မှတ်ရက်အတွင်း မပြောင်းရွှေ့ပါက ထိရောက်စွာ အရေးယူခြင်းခံရမည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ထို့ကြောင့် ဆီရောင်းချသူများ စိုးရိမ်ထိန့်လန့် နေကြကြောင်း ဓာတ်ဆီဆိုင်ရှင် တဦးက ဧရာဝတီကိုပြောသည်။
လက်ရှိဖျက်သိမ်းခိုင်းထားသော ဆီဆိုင်များသည် မန္တလေး-ပြင်ဦးလွင်လမ်းမကြီး တလျောက်ရှိဆိုင်များဖြစ်ပြီး ထိုဆိုင်များသည် ၂၀၀၂ ခုနှစ်ဝန်းကျင် ကပင် ရောင်းချနေကြသော တနိုင်တပိုင်ဆိုင်များ ဖြစ်သောကြောင့် လမ်းတိုးချဲ့ရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် မီးဘေးအန္တရာယ် တားစီးရေးအတွက် ဖျက်သိမ်းရခြင်းဖြစ်သည်ဟု အာဏာပိုင်များက အကြောင်းပြကြောင်း သူက ဆိုသည်။
ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် အာဏာပိုင်များနှင့် ငွေကြေးတတ်နိုင်သူ စီးပွားရေးသမားများပူးပေါင်း၍ တနိုင်တပိုင် လုပ်ငန်းများကို အပြုတ်ဖြုတ် ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။
၂၀၁၀ ပြည့်နှစ် ဇွန်လမှ စ၍ အစိုးရထံမှ ပုဂ္ဂလိက ကိုတရားဝင်လွှဲပြောင်းပြီး ဓာတ်ဆီ တဂါလန် ရောင်းဈေး ၂၅၀၀ ကျပ် သတ်မှတ်ထားသည်။ ပြင်ပ ဈေးကွက်တွင် တဂါလံ ၃၂၀၀ကျပ်၊ ၃၂၅၀ ကျပ် စသည့်ဖြင့် ရောင်းချနေကြသော်လည်း အများစုက တန်းမစီလို၍ ဈေးပိုပေးကာ လမ်းဘေးဆိုင်များ၌ အ၀ယ်များသည်ဟု ဒေသခံ တဦး၏ ပြောပြချက် အရသိရသည်။
“ဒီဆိုင်တွေမရှိတော့ရင် ဆီတခါဖြည့်ရင် ညအိပ်စောင့်ရတော့မှာ” ဟု ဒေသခံ က ပြောသည်။
မန္တလေးတမြို့လုံး၌ အစိုးရပိုင် စက်သုံးဆီဆိုင် ၂ ဆိုင်ခန့်နှင့် အစိုးရထံမှ လွှဲပြောင်းယူထားသောဆိုင် စုစု ပေါင်း ၁၂ ဆိုင် ၀န်းကျင်ရှိသည်ဟု သိရသည်။
ဆီဆိုင်များ ဖျက်သိမ်းခံရမည် ဖြစ်၍ တနိုင်တပိုင် ဆီရောင်းစားနေသူများနှင့် မိသားစု အများအပြား၏ စားဝတ်နေရေး ထိခိုက်သွား မည်ဟု ဓာတ်ဆီရောင်းသူတဦးက ဆိုသည်။
ထိုကိစ္စနှင့်ပတ်သက်၍ မေးမြန်းရန် မန္တလေးခရိုင်ရုံးနှင့်တိုင်းမီးသတ်တို့ထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေ ဆိုခြင်းမရှိပေ။
ဧရာဝတီသတင်းထောက် ခင်ဦးသာ ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:18:00 AM
အခွန်စနစ်သစ်တရပ် စတင်
မြန်မာနိုင်ငံတွင် အခွန်တိမ်းရှောင်မှု လျော့နည်း စေရန်အတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန် (Withholding Tax) စနစ်သစ်ကို ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စတင်ကျင့်သုံးပြီ ဖြစ်ကြောင်း သိရသည်။
ပြည်တွင်း အခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မိုးကြည်က မြန်မာနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် ကုန်သည်ကြီးများကို ဒီဇင်ဘာလ ၃၁ ရက်နေ့၌ ရန်ကုန်မြို့၊ မင်းရဲကျော်စွာ လမ်းရှိ ကုန်သည်အသင်း အဆောက် အဦတွင် ခေါ်ယူတွေ့ဆုံပြီး အခွန်စနစ်သစ် စတင် ကျင့်သုံးကြောင်း တရားဝင် အကြောင်းကြားလိုက်ခြင်း ဖြစ်သည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆိုသည်မှာ ၀င်ငွေတရပ်ရပ် ရရှိချိန်တွင် ငွေထုတ်ပေးရန် တာဝန်ရှိသူက ထိုဝင်ငွေအပေါ် ကျသင့်သော အခွန်ကို နုတ်ယူ၍ သက်ဆိုင်ရာ ပြည်တွင်း အခွန်များရုံးသို့ လွှဲပြောင်း ပေးသွင်းသည့် အခွန်ဖြစ်သည်။ သွင်းကုန်သမားများက သက်ဆိုင်ရာ အခွန်ကို ကြိုတင် ဖြတ်တောက် ပေးဆောင်ရမည့် စနစ်မျိုးဖြစ်သည်။ ပြည်ပမှဆိုလျှင် သွင်းကုန်ပေါ်တွင် ၃.၅ ရာခိုင်နှုန်း၊ ပြည်တွင်းဆိုလျှင် ၃ ရာခိုင်နှုန်း ကောက်ခံမည်ဟု သိရသည်။
“Withholding Tax က အစိုးရက အခွန်လိုက်ကောက်တာ မဟုတ်ဘူး။ ကုမ္ပဏီတွေကိုယ်တိုင်က သူလုပ်တဲ့လုပ်ငန်းအတွက် တာဝန်သိသိ အခွန်ဆောင်ရတာ။ အဲဒီလိုတာဝန်သိသိ အခွန်ဆောင်ဖို့လည်း ထိန်းချုပ်တဲ့စည်းမျဉ်း၊ ဥပဒေတွေ ထုတ်ပြန်ထားတယ်” ဟု ဦးအောင်မိုးကြည်က ပြောသည်။
ယင်း စနစ်သစ်ကို ၂၀၁၀ ပြည့်နှစ် ဧပြီလကတည်းက အတည်ပြုခဲ့သော်လည်း ယခုမှ စတင်ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ယင်းစနစ်သစ်အရ မှတ်ပုံတင်ထားသော အဖွဲ့အစည်းများ၊ အစုစပ် လုပ်ငန်းများ၊ ကုမ္ပဏီများ အကျုံးဝင်ကြောင်း၊ အာဆီယံ လွတ်လပ်စွာ ကုန်သွယ်ရေး မတိုင်မီ ကြိုတင်ပြင်ဆင်သည့် သဘောဖြစ်ကြောင်း Eleven မီဒီယာတွင် ရေးသားထားသည်။
ပြည်တွင်းအခွန်များဦးစီးဌာနမှ ၀န်ထမ်းတဦးက “ဒီအခွန်စနစ်က သိပ်ရှုပ်ထွေးမှု မရှိပါဘူး။ ဥပမာ Aကုမ္ပဏီက Bကုမ္ပဏီဆီက ငွေ ၁၀ သိန်းဖိုး ပစ္စည်းတွေဝယ်လိုက်တယ်။ A ကုမ္ပဏီက B ကုမ္ပဏီကို ကုန်ပစ္စည်းဖိုး ငွေ ၁၀ သိန်းမပေးခင် အရောင်းအ၀ယ်အတွက် ကျသင့်တဲ့အခွန်ကို အခွန်ရုံးမှာ သွားသွင်းပြီး အခွန်ဆောင်ထားတဲ့ လက်မှတ်နဲ့ ကျန်တဲ့ငွေကို Bကုမ္ပဏီကို ပေးလိုက်တာ။ အခွန်က ၃ ရာခိုင်နှုန်း ကျသင့်ရင် ၁၀ သိန်းဖိုးအတွက် အခွန်ငွေ ၃ သောင်းပေါ့။ အဲဒီတော့ A ကုမ္ပဏီက အခွန် ၃ သောင်း ဆောင်ထားတဲ့လက်မှတ်နဲ့ ငွေ ၉သိန်း ၇ သောင်းကို B ကုမ္ပဏီကို ပေးရမယ်။ ၀ယ်သူက ရောင်းသူကို ငွေမပေးခင် ရောင်းသူအတွက် အခွန်ဆောင်ပေးလိုက်တာပေါ့” ဟု ရှင်းလင်းပြောဆိုသည်။
ပင်ရင်းမှ နုတ်ယူပေးသွင်းသည့် အခွန်ဆောင်ရမည့် ၀င်ငွေအမျိုးအစား လေးမျိုးရှိပြီး (၁) အတိုးပေးငွေများ၊ လိုင်စင်၊ကုန်အမှတ်တံဆိပ်၊ မူပိုင်အခွင့်အရေး စသည်တို့ကို အသုံးချခွင့်ပြုသည့် ပေးချေငွေများ၊ (၂) ကန်ထရိုက်စာချုပ် (သို့) သဘောတူစာချုပ် (သို့) သဘောတူညီချက် တရပ်ရပ်ဖြင့် ပစ္စည်းဝယ်ယူခြင်းနှင့် လုပ်ငန်းဆောင်ရွက်ပေးစေခြင်းအတွက် ပေးချေငွေများ၊ (၃) စာချုပ်စာတမ်းဖြင့် နိုင်ငံခြားသားလုပ်ငန်းရှင် သို့မဟုတ် နိုင်ငံခြားသားကုမ္ပဏီက လုပ်ငန်းဆောင်ရွက်ပေးစေခြင်းနှင့် (၄) နိုင်ငံတော်အတွင်းမှ ပစ္စည်းဝယ်ယူခြင်းအတွက် ပေးချေငွေများ အကျုံးဝင်ကြောင်း သိရှိရသည်။
“အခွန်ဆောင်ရမယ့် နှုန်းက ၃ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းအထိ ရှိတယ်။ စီးပွားရေး လုပ်တဲ့နေရာမှာ ဒီအခွန်မဆောင်ရင် လုပ်ငန်းလိုင်စင်သက်တမ်း တိုးတာတို့၊ နိုင်ငံခြားငွေဘဏ်စာရင်း (Letter of Credit) လုပ်တာတို့ အဆင်ပြေမှာ မဟုတ်ဘူး” ဟု နေပြည်တော်မှ ပြည်တွင်းအခွန်များဦးစီးဌာန အရာရှိတဦးက ပြောသည်။
လူဦးရေ သန်း ၅၀ ကျော်ရှိသော မြန်မာနိုင်ငံတွင် အများစုမှာ အခွန်မဆောင်ကြကြောင်း၊ လူဦးရေ၏ ၁.၀၉ ရာခိုင်နှုန်းကသာ အခွန်ဆောင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇေယျာကြည်ညွန့်က ပြောသည်။
ရန်ကုန်မြို့အခြေစိုက် စီးပွားရေးသမားကြီးတဦးက အခွန်ဆောင်ခြင်း၏ နောက်ကွယ်တွင် လုံခြုံမှုနှင့် တန်းတူအခွင့်အရေး ရရှမှု၊ နိုင်ငံသားများ၏ ပညာရေး၊ ကျန်းမာရေးနှင့် ဘ၀လုံ ခြုံရေးအာမခံချက်များ ပါဝင်ကြောင်း ရှင်းပြသည်။
အဆိုပါစီးပွားရေးသမားကြီးက “နိုင်ငံတော်ကို အခွန်ဆောင်မယ်ဆိုရင် နိုင်ငံတော်ကလည်း အခွန်ဆောင်တဲ့သူ၊ နိုင်ငံသား တွေအပေါ်မှာ တန်းတူ အခွင့်အလမ်းတွေ ပေးရမယ်။ ဘ၀အာမခံချက်ပေးရမယ်။ အခွန်ဆောင်တော့ ကိုယ်၊ အခွင့်အရေးရတော့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ အဲဒီလို ဗိုလ်ချုပ်တွေနဲ့ နီးစပ်တဲ့ စီးပွားရေးသမားတွေက ရတယ်။ Monopoly စီးပွားရေးပုံစံနဲ့တော့ ဘယ်သူမှ အခွန်မဆောင်ဘူး” ဟု ပြောသည်။
ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းမြင့်တို့ကဲ့သို့သော စစ်ဗိုလ်ချုပ်များနှင့်နီးစပ်သည့် စီးပွားရေးသမားကြီးများသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဗိုလ်ချုပ်များကို လက်ဆောင်ပဏ္ဍာ ဆက်သခြင်း၊ ဆေးရုံဆောက်ခြင်း၊ ကျောင်းဆောက်ခြင်း၊ လမ်း တံတား တည်ဆောက်ပေးခြင်း အပါအ၀င် လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းဖြင့် အခွန်ကင်းလွတ်ခွင့်များ ရရှိကြောင်း သိရှိရသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:17:00 AM
၀၅.၀၁.၂၀၁၁ အတွက် VOA Burmese မှသတင်းများ
စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်
ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ထပ်ဖြစ်ခဲ့ပါတယ်။
မူလသတင်းရင်းမြစ်
voa
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:14:00 AM
၀၅.၀၁.၂၀၁၁ အတွက် RFA Burmese မှသတင်းများ
2011-01-05
ကရင်နှစ်သစ်ကူးနေ့ ပြည်တွင်းပြည်ပမှာ ကျင်းပ
2011-01-05
2011-01-05
ရန်ကုန်-နေပြည်တော် အဝေးပြေးလမ်းသစ် ယာဉ်အန္တရာယ် အလွန်ကြီးမား
2011-01-05
စစ်အစိုးရတပ်သားတဦး ဒီကေဘီအေထံ လက်နက်ချ
2011-01-05
ပြည်ထောင်စုစိတ်ဓာတ် ပိုအရေးကြီးကြောင်း CRPP အတွင်းရေးမှူးပြောကြား
2011-01-05
ILO ကို တိုင်ကြားသဖြင့် အာဏာပိုင်များက သီးနှံရိတ်သိမ်းခွင့်ပိတ်
မူလသတင်းရင်းမြစ်
RFA News
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:12:00 AM
၀၅.၀၁.၂၀၁၁ အတွက် DVB မှသတင်းများ
မူလသတင်းရင်းမြစ်
dvb news
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/06/2011 06:09:00 AM
Wednesday, January 5, 2011
နအဖ တပ်သားတဦး ဒီကေဘီအေ ထံ ထပ်မံ လက်နက်ချ
စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ် ဝေါ်လေဒေသတွင် ၀င်ရောက်လှုပ်ရှားသည့် နအဖ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ တပ် ရင်းမှ တပ်သားတဦးသည် ယနေ့မွန်းလွဲ ၂း၃၀နာရီအချိန်တွင် ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ ထပ်မံ လာရောက်လက်နက် ချသည်ဟု ဒီကေဘီအေဘက်က ပြောသည်။
အဆိုပါ လာရောက်လက်နက်ချသည့် စကခ (၁၉)လက်အောက်ခံ ခမရ(၅၈၆) တပ်ခွဲ(၁)မှ တပ်သား ၀င်းရန်နိုင် ၂၀နှစ် ကိုယ် ပိုင်နံပါတ် တ/၄၃၂၄၇၀သည် ၎င်းတို့တပ်ရင်းလှုပ်ရှားရာ ဝေါ်လေဒေသ အူကလေ့ထာ့ကျေးရွာ မောတုတောင်ဘက်ခြမ်းရှိ ဗိုလ်ချစ်သဲ ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့သို့ လက်နက်အပြည့်အစုံနှင့်အတူ လာရောက်လက်နက်ချခြင်းဖြစ်သည်ဟု ဒီကေ ဘီအေ တပ်မဟာ(၅)မှ ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
၎င်းက“ ဒီနေ့ မွန်းလွဲ ၂း၃၀အချိန်မှာ ကျနော်တို့ ဒီကေဘီအေ တပ်မဟာ(၅)မှ ဗိုလ်ချစ်သဲဆီကို လာရောက်လက်နက်ချတယ်။ လက်နက်အပြည့်အစုံနဲ့ပဲ။ လောလောဆယ် ဗိုလ်ချစ်သဲဆီမှာပဲ ရှိသေးတယ်။ ကျနော်တို့ တပ်မဟာဌာနချုပ်ကို မရောက်သေး ဘူး။”ဟု ပြောသည်။
စစ်သက်တမ်း ၂နှစ်ရှိ ၎င်းတပ်သား ၀င်းရန်နိုင်သည် ၎င်းတို့တပ်ရင်း၌ ရိက္ခာပြတ်လပ်မှုနှင့် စစ်တိုက်လိုစိတ်မရှိသောကြောင့် MA-1 ၁လက်၊ ကျည် ၂၅၀တောင့်နှင့် မက္ကဇင်း ၆ချပ်နှင့်အတူ ယခုလို ဒီကေဘီအေထံသို့ လာရောက်လက်နက်ချခြင်းဖြစ်ပြီး ဒီကေဘီအေတပ်ဖွဲ့အနေဖြင့် ၎င်းဖြစ်ချင်သည့်ဆန္ဒအတိုင်း အတတ်နိုင်ဆုံး ကူညီဆောင်ရွက်သွားမည်ဟု ဗိုလ်မှူးစောဆန်း အောင်က ပြောသည်။
အလားတူ လွန်ခဲ့သည့် ၂၀၁၀ခုနှစ် ဒီဇင်ဘာလ ၂၉ရက်နေ့တွင်လည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ခလရ(၂၉၉) တပ်ရင်းမှ တပ်သားတဦး ဒီကေဘီအေ တပ်မဟာ(၅)ထံသို့ လက်နက်ခဲယမ်းများနှင့်အတူ လာရောက်လက်နက်ချခဲ့သည်။
မူလသတင်းရင်းမြစ်
ကေအိုင်စီ
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:25:00 AM
ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်ရောက်လာ
နန်းဖော့ဂေ (ကေအိုင်စီ)
ထောင်အကျဉ်းသားများနှင့် နအဖ စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ကားများ မြ၀တီမြို့ကို ဖြတ်ဝင်လာပြီး ဝေါ်လေဒေသဘက်သို့ မောင်းနှင်ထွက်သွားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။
မြို့ခံတစ်ဦးက “ဒီနေ့မွန်းလွဲ ၃နာရီကျော်လောက်မှာ စစ်သားနဲ့ ထောင်သားတွေပါတဲ့ စစ်ကား ၅စီး ဝေါ်လေဘက်ကို ထွက် သွားတာ တွေ့လိုက်ရတယ်။ ထောင်သားတွေကလည်း ထောင်ဝတ်စုံအပြာတွေ ၀တ်ထားတယ်လေ။ စစ်သားတွေကတော့ လက်နက်ကိုယ်စီနဲ့ပေါ့။”ဟု ကေအိုင်စီကို ပြောသည်။
အလားတူ ယမန်နေ့မွန်းလွဲပိုင်းကလည်း စစ်သားနှင့် အကျဉ်းထောင်သားများ တင်ဆောင်လာသည့် စစ်ကား ၃စီး မြ၀တီမြို့ တောင်ဘက်ခြမ်းရှိ ဝေါ်လေဂွင်ဘက်သို့ မောင်းနှင်သွားကြောင်း ကိုယ်တိုင်မြင်တွေ့သူများက ပြောသည်။
ယင်းသို့ တက်လာသည့် နအဖ တပ်များမှာ စစ်ကွပ်ကဲရေးဌာနချုပ်(၁၂) လက်အောက်ခံတပ်များဖြစ်ပြီး အင်အား ၅၀၀ခန့်ရှိ ကြောင်းနှင့် ထိုအထဲတွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၅၀ခန့် ပါဝင်ကြောင်းလည်း ဝေါ်လေဒေသတွင် လှုပ်ရှားနေသည့် ကေအဲန် ယူ တပ်ရင်း(၂၀၁) ဒုရင်းမှူး ဗိုလ်မှူးစောကြည်အောင်က ပြောသည်။
“အခုတက်လာတာက စကခ(၁၂) လက်အောက်ခံတပ်တွေပဲ။ အဲဒီအထဲမှာ BGF အင်အား ၅၀လောက်ပါတယ်လို့ ကြားတယ်။ ကြည့်ရတာ ဝေါ်လေကနေ ဝေါ်လေခီးအထိ တက်လာဖို့ရှိတယ်။ ဒါပေမဲ့ လမ်းမှာ ဗိုလ်ကျော်သက်တို့အဖွဲ့က ရှိနေတော့ ချက် ချင်းမရောက်လာနိုင်သေးဘူး။”ဟု ဗိုလ်မှူးစောကြည်အောင်က ခန့်မှန်းပြောဆိုသည်။
နအဖ စစ်တပ်နှင့်အတူ ပါလာသည့် အကျဉ်းသားများမှာ ဖားအံ(တောင်ကလေး)နှင့် မော်လမြိုင်ထောင်များမှ ရာဇ၀တ်သား များဖြစ်ပြီး ၎င်းတို့ကို တပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ သယ်ဆောင်ရန်အပြင် လိုအပ်ပါက ရှေ့တန်းတွင် မိုင်းရှင်းကိရိယာအ ဖြစ် အသုံးချနိုင်ကြောင်း ဒီကေဘီအေဘက်မှ ပြောသည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ ကလို့ထူးဘော အခြေစိုက် စစ်ဆင်ရေးမှူး G2 ဗိုလ်မှူးစောဆန်းအောင်က “ကျနော်တို့ သိသ လောက်က အကျဉ်းသားတွေဟာ ဖားအံ၊ မော်လမြိုင်ထောင်တွေက ရာဇ၀တ်သားတွေပဲ။ အကျဉ်းသားဦးရေက ၁၅၀-၂၀၀ လောက် ရှိနိုင်တယ်။ သူတို့ကို တပ်ရိက္ခာသယ်ဖို့၊ လက်နက်သယ်ဖို့နဲ့ လိုအပ်ရင် သေနတ်ကိုင်ခိုင်းပြီး မိုင်းရှင်းတဲ့သဘောနဲ့ စစ် တပ်အရှေ့က သွားခိုင်းနိုင်တယ်။”ဟု ဆိုသည်။
အကျဉ်းသားများ တင်ဆောင်လာသည့် နအဖ တပ်များမှာ စကခ(၁၂) ဗျူဟာနှစ်ခုဖြစ်ပြီး ဗျူဟာတစ်ခုတွင် တပ်ရင်း ၃ရင်း သတ်မှတ်ထားသော်လည်း ယခု တက်လာသည့် ဗျူဟာနှစ်ခုတွင် တပ်ရင်း ၅ရင်းသာ ပါကြောင်းနှင့် ဗျူဟာ(၂)မှူးမှာ ဗိုလ်မှူး ကြီးကြည်လင်ဖြစ်သည်ဟု ဒီကေဘီအေဘက်က ပြောသည်။
ဝေါ်လေဒေသ ကနဲလေးရှိ နယ်မြေခံ နအဖတပ်ဖွဲ့ဝင်များသည် ရိက္ခာပြတ်လပ်ကာ တပ်စခန်းအပြင် ထွက်မရဲသလို ပြန်လည် ဆုတ်ခွာရန်လည်း ခက်ခဲနေကြောင်း သိရသည်။
ထို့အပြင် နအဖ စကခ(၁၉) လက်အောက်ခံ တပ်ရင်းများသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချူကလီးဒေသဘက်သို့ နယ်မြေ ရှင်းလင်းရေးအတွက် သွားရောက်ရန် ပြင်ဆင်လျှက်ရှိကြောင်း နယ်မြေခံ ကေအဲန်ယူတပ်များက ပြောဆိုသည်။
မူလသတင်းရင်းမြစ်
ကေအိုင်စီ
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:24:00 AM
မူစယ် ဈေးလယ်ခေါင်မှာ စည်ပင်အရာရှိကြီးက လက်အောက်ဝန်ထမ်းများကို ဆဲဆို ထိုးကြိတ်
မူစယ်မြို့နယ် စည်ပင်အရာရှိဖြစ်သူ ဗိုလ်ကြီးဋ္ဌေးဝင်းက ဈေးခေါင်းနှင့်စည်ပင်ဦးစီးအရာရှိ နှစ်ဦးအား ရိုင်းပြစွာဆဲဆို ကြိမ်း မောင်း၍ ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည့် ဖြစ်ရပ် ယခုလ ၂ ရက်နေ့ ညနေ ၃ နာရီခန့်က မူစယ်ဈေးအတွင်း ဖြစ်ပွားခဲ့သည်။
ဇန်န၀ါရီလ ၁၀ ရက်နေ့တွင် မူစယ်မြို့၌ လာရောက်ဖြေဖျော်မည့် အဆိုတော်အာဇာနည်၏ စတိတ်ရှိုးဆိုင်းဘုတ်ကို ဈေး အတွင်းချိတ်သည့် ကိစ္စနှင့် ပတ်သက်၍ စည်ပင်အရာရှိက လက်အောက်ဝန်ထမ်းများဖြစ်သည့် ဈေးခေါင်းနှင့် ဦးစီးအရာရှိ ကို ဆဲဆိုထိုးကြိတ်ခဲ့ခြင်း ဖြစ်ကြောင်း စည်ပင်ဝန်ထမ်းအသိုင်းအ၀ိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“အဆိုတော် အာဇာနည် ၊ အေသင်ချိုရွေ စတဲ့အဆိုတော်တွေ စတိတ်ရှိုး ဆိုင်းဘုတ်ထောင်တဲ့ ကိစ္စဗျ ရုံးမှာ စာတင်ပြီးပါပြီ ဆိုင်ဘုတ်တတ်ဆင်ခွင့်ကျပြီးသားပါ အဲဒီဗိုလ်ကြီးရဲ့ မှတ်ချက်ကျပြီးသားပါ အဲဒီကိုသူအရက်မူးလာပြီး တော့ ဦးစီးအရာရှိနဲ့ ဈေးခေါင်းကို ခေါ်ပြီးထိုးကြိတ်တာပေါ့နော်” ဟု နီးစပ်သူ တစ်ဦးက ပြောသည်။
အဆိုပါ စည်ပင်အရာရှိ၏ လုပ်ရပ်ကြောင့် တစ်ဈေးလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ဈေးပတ်ဝန်းကျင်မှ လူအများ လာရောက် ကြည့်ရှုကြသဖြင့် ယာဉ်ကြောပိတ်ဆို့သည် အထိ ဖြစ်ခဲ့ရကြောင်း ဈေးသည် တစ်ဦးကလည်း ပြောသည်။
“ညဈေးခင်းတဲ့အချိန် လူရှုပ်နေတဲ့အချိန်ဆိုတော့ လူတွေက တအားဝိုင်းကြည့်နေတာပေါ့ ဗိုလ်ကြီးကလည်း အသံက တော်တော်စွာတယ်ဗျ တအားအော်ဟစ် ဆဲဆိုနေတာဆိုတော့ မိုက်မိုက်ရိုင်းရိုင်း မကြားဝံ့မနာသာ ပေါ့နော် သူတို့ရုံးခန်းမှာ ဖြေရှင်းလို့ရတဲ့ဟာကို ဈေးလည်ခေါင်မှာဖြေရှင်းတော့ လူတွေကပိတ်ပြီး ယာဉ်ကြောတောင် ပိတ်သွားတယ်” ဟု ဈေး သည်က ဆိုသည်။
ဖြစ်ပွားပုံကို စောစောက စည်ပင်နှင့်နီးစပ်သူတစ်ဦးက ဆက်ပြောရာတွင် “ ဆိုင်းဘုတ်ကို ဈေးမှာ မချိတ်ရဘူးလို့ ဗိုလ်ကြီး က ပထမတစ်ခေါက်ပြောတော့ ဆိုင်းဘုတ်ကို ဈေးခေါင်းက ဖြုတ်ချလိုက်တယ် နောက်တစ်ရက်ကျတော့ ဦးစီးအရာရှိက သူဗိုလ်ကြီးကို ပြောပြီးပြီ ဆိုင်းဘုတ်ချိတ်လို့ရပြီ ဆိုတော့ ဈေးခေါင်းက ပြန်ချိတ်ပေးပါတယ် အဲဒါကို အရက်မူးလာတဲ့ အခါကျတော့ ဖြုတ်ချခိုင်းတာကို တတ်ရကောင်းလားဆိုပြီး ဦးစီးနဲ့ ဈေးခေါင်းကို ဆဲဆိုထိုးကြိတ်တာ ” ဟု ပြောသည်။
စစ်ဘက်အရာရှိများကို အရပ်ဘက်အုပ်ချုပ်ရေးဋ္ဌာနသို့ ပြောင်းရွေ့နေရာ ချထားမှုများ ပြုလုပ်လျှက်ရှိရာ အဆိုပါ စစ်ဘက်အရာရှိများသည် အရပ်ဘက်ဝန်ထမ်းများအပေါ် အနိုင်ကျင့်မှုများရှိနေကြောင်း သိရသည်။
မူလသတင်းရင်းမြစ်
သျှမ်းသံတော်ဆင့်
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:22:00 AM
တရုတ်ကိုအလည်သွားသည့် မူစယ်က အမျိုးသမီးနှစ်ဦး ယာဉ်တိုက်သေဆုံး
၂၀၁၁ နှစ်ဆန်း ၁ ရက်နေ့ ည ၁၀ နာရီခန့်က တရုတ်နိုင်ငံ ရွေလီမြို့၌ ဖြစ်ပွားသော ယာဉ်တိုက်မှု တစ်ခုတွင် မူစယ် မြို့ ဟိုမွန်ရပ်ကွက်မှ ကချင်အမျိုးသမီး နှစ်ဦး သေဆုံးသွားကြောင်းသိရသည်။
၎င်းအမျိုးသမီးနှစ်ဦးသည် အသက် ၂၁ နှစ်အရွယ်စီရှိသည့် နောက်ဆုံးနှစ် တက္ကသိုလ်ကျောင်းသူများဖြစ်သည်။
ကမ္ဘာ့နှစ်သစ်ကူးနေ့က သေဆုံးသွားသူ ၂ ဦး အပါအ၀င် မူစယ်မြို့မှ အခြားအမျိုးသမီး ၁ ဦး ၊ တရုတ်နိုင်ငံသား အမျိုးသား ၃ ဦး ၊ ပေါင်း ၆ ဦးတို့က ကားတစ်စီးတည်းအတူ ရွေလီမြို့၌ လည်ပတ်ကြခြင်းဖြစ်သည်။
၎င်းတို့ ၆ ဦး စီးနှင်းလာသည့် ကားနှင့် အခြားကားတစ်စီး ရင်ဆိုင်တိုက်မိရာမှ ကားတစ်စီးထဲ လိုက်ပါလာသူ လူ ၄ ဦး သေဆုံးခဲ့ပြီး ၂ ဦးမှာ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ယင်းဖြစ်ရပ်တွင် အကူအညီပေးခဲ့သူတစ်ဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ကားပေါ်မှာအားလုံး ၆ ယောက်ပါတယ် တရုတ်ပြည်က ကောင်လေးက ၃ ယောက် မူစယ်ဘက်က ကောင်မလေးက ၃ ယောက် နှစ်ဆန်းတစ်ရက်နေ့က လူငယ်သဘာဝလည်ပြီးတော့ ရွေလီကနေ မူစယ်ကို ပြန်လာကြတာ ”
“ရွေလီနဲ့ဂျယ်ဂေါင် ကြားမှာအ၀ိုင်းပတ်ကြီးရှိတယ် အ၀ိုင်းမှာ မပတ်ပဲနဲ့ ဒီဘက်လမ်းကြောက နေမောင်းလိုက်တဲ့ အခါကျ တော့ ဟိုဘက်က လာတဲ့ ကားနဲ့သူတို့ ကားမျက်နှာချင်းဆိုင်တိုက်ပြီးတော့မှ သူတို့ကားပေါ်ပါတဲ့ တရုတ်ပြည်က ၂ ယောက် ကချင်အမျိုးသမီးလေးက ၂ ယောက် ဆုံးသွားတယ် ” လို့ သူက ပြောသည်။
ည ၁၀ နာရီကျော်သဖြင့် ဂျယ်ဂေါင် - မူစယ် အ၀င်အထွက်ဂိတ်မှီစေရန် ကားအမြန်မောင်းသည်က တစ်ကြောင်း ယာဉ် ကြောမှားသည်က တစ်ကြောင်း ယာဉ်မောင်း အရက်မူးသဖြင့် သူငယ်ချင်းတစ်ယောက်ဝင်မောင်းသည့်ဖြစ်ရပ်များ ကြောင့် ယာဉ်တိုက်မှု ဖြစ်ရကြောင်း သူက ဆိုသည်။
“ဂျယ်ခေါင် မမှီမှာစိုးလို့ အမြန်မောင်းလာတာလည်းပါတယ် လမ်းကြောမှားမောင်းတာကြောင့် ပိုဆိုးသွားတယ် မျက်နှာ ချင်းဆိုင်လာတဲ့ ကားက ဘာမှမဖြစ်ပဲနဲ့ ပါဂျရိုပုံစံမျိုးဖြစ်နေတဲ့အတွက် သေတဲ့ဘက်က စလွန်းကားဆိုတော့ အဲဒီကား အောက်ကို ၀င်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ ” လို့ ဆိုသည်။
မူစယ်ဂရုဏာလူမှုရေးအသင်းက အဆိုပါ သေဆုံးသွားသည့် ကချင်အမျိုးသမီး ၂ ဦးအား ယမန်နေ့က သဂြီင်္ုလ်ပေးခဲ့ ကြောင်း သိရသည်။
ဒဏ်ရာရရှိသူနှစ်ဦးအနက် မြန်မာဘက်မှ အမျိုးသမီးမှာ ဦးခေါင်းတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး ရွေလီဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
မူလသတင်းရင်းမြစ်
သျှမ်းသံတော်ဆင့်
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:20:00 AM
နေပြည်တော် စားသောက်ဆိုင်များ ည ၉ နာရီပိတ်ရန်အမိန့်ထုတ်
နေပြည်တော်ခရိုင်ရှိ စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ အပါအ၀င် ဆိုင်များကို ည ၉ နာရီပိတ်ရန် အမိန့် ထုတ်ပြန်ထားကြောင်း ဒေသခံ အာဏာပိုင်များက ပြောသည်။
အဆိုပါ ဒေသန္တရ အမိန့်ကို နေပြည်တော်ခရိုင် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက ထုန်ပြန်ခဲ့ခြင်းဖြစ်ပြီး ဇန်န၀ါရီ ၁ ရက်နေ့မှ စတင်ကာ အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။
“ဇန်န၀ါရီ ၁ ရက်နေ့ကစပြီး စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်ပါမကျန် ည ၉ နာရီ ပိတ်ရမယ်။ ဇန်န၀ါရီ ၄ ရက်နေ့ကတော့ ည ၆ နာရီပိတ်ရမယ်” ဟု သတင်းတပ်ဖွဲ့ (ပျဉ်းမနား) မှ အရာရှိ တဦးက ပြောသည်။
ထိုကဲ့သို့ သတ်မှတ်ချိန် ကျော်လွန်ရောင်းချသည့် ဆိုင်များကို လိုင်စင် ပိတ်သိမ်းသည်အထိ အရေး ယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ထိုကဲ့သို့ ဆိုင်များကို အချိန် သတ်မှတ် ပိတ်ခိုင်းခြင်းကို ယမန်နှစ် နိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ အပြီးတွင်လည်း ထုတ်ပြန်ခဲ့သေးကြောင်း သိရသည်။
“ရွေးကောက်ပွဲတုန်းကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့်ပါ။ အခု ပိတ်ခိုင်းတာက ဘာကြောင့် ဆိုတာ မသိပါဘူး။လွတ်လပ်ရေးနေ့မှာတော့ ဒီလိုလုပ်ခဲပါတယ်” ဟု ယင်းက သတင်းတပ်ဖွဲ့ အရာရှိက ဆိုသည်။
ယမန်နှစ် နိုဝင်ဘာလက ယခုကဲ့သို့ ဆိုင်ခန်းများ ပိတ်ခိုင်းစဉ် သတ်မှတ်ချိန်အမီ မပိတ်သည့် လက်ဖက်ရည်ဆိုင် တဆိုင်အား အရေးယူခဲ့ကြောင်း ပျဉ်းမနား အခြေစိုက် ရယက တဦးက ပြောသည်။
“နိုဝင်ဘာ ၆ ရက်နေ့က ည ၆ နာရီ ပိတ်ခိုင်းတာကို နောက်ကျတဲ့ ပေါင်းလောင်း အားကစားရုံ ရှေ့က ရာစုသစ် လက်ဖက်ရည် ဆိုင်ကို ပိတ်သိမ်းတဲ့အထိ အရေးယူခဲ့ပါတယ်” ဟု သူက ဆိုသည်။
ယင်း ရာစုသစ် လက်ဖက်ရည်ဆိုင်သည် ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် ပျဉ်းမနားလာစဉ်က မိန့်ခွန်း ပြောခဲ့သည့် ဆိုင်ဖြစ်သည့်အတွက် အာဏာပိုင်များက အငြိုးဖြင့် ပိတ်ခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောကြသည်။
ဧရာဝတီသတင်းထောက် စည်သူ ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:18:00 AM
စစ်မှန်သောလွတ်လပ်ရေး ပေါ်ထွန်းရန် ကြိုးစားဟု ဒေါ်အောင်ဆန်းစုကြည်ပြော
မြန်မာနိုင်ငံတွင် စစ်မှန်သော လွတ်လပ်ရေး ပေါ်ထွန်းရန် တိုင်းရင်းသား ပြည်သူများ အားလုံး ညီညွတ်စွာဖြင့် ကြိုးစား ဆောင်ရွက်ရန် လိုအပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
ရန်ကုန် ရွှေဂုံတိုင်မြို့နယ်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
စစ်မှန်သော လွတ်လပ်ရေးသည် စစ်မှန်သော လူ့အခွင့်အရေးအပေါ် အခြေခံ ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း၊ ယနေ့ မြန်မာပြည်သူလူထုသည် စီးပွားရေး၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာ စိုးရိမ် ကြောင့်ကြမှုများ၊ မလုံခြုံမှုများကို ခံစားနေရပြီး ယုံကြည်ချက်အတွက် ထောင်သွင်း အကျဉ်းချထားခြင်း ခံရသော နိုင်ငံရေးအကျဉ်းသားများ ရှိနေကြောင်း၊ ယနေ့ လွတ်လပ်ရေး အချိန်အခါ သမယတွင် လွတ်လပ်ရေး ရယူပေးခဲ့သော အာဇာနည် ခေါင်းဆောင်ကြီးများကို သတိရရန် လိုအပ်သကဲ့သို့ ယခုလက်ရှိ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရသော နိုင်ငံရေး အကျဉ်းသားများကိုလည်း မမေ့ရန် လိုအပ်ကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော လွတ်လပ်ရေးရရှိရန်လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
“လွတ်လပ်ချင်တယ်၊ တိုးတက်ချင်တယ် ဆိုရင် ကိုယ်ကနေ စပြီးတော့ ကြိုးစားရမယ်။ တခြားသူတွေ ဘာလုပ်နေလဲ ဆိုတာ မကြည့်ပါနဲ့။ ကိုယ်ဘာလုပ်နေလဲ ဆိုတာ ပြန်ပြီးတော့ဆင်ခြင်ပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။
NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကလည်း ယနေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေးနှင့် ကျန်းမာရေး စသည့် အထွေထွေအခက်အခဲများ ကြုံတွေ့နေရပြီး ပြည်သူ အများစုက နေ့စဉ်နှင့်အမျှ အထူး စိုးရိမ်ပူပန် ကြောင့်ကြနေရကာ အနာဂတ် မျှော်လင့်ချက် ပျောက်ကွယ် နေသကဲ့သို့ ခံစားနေရသည်ဟု ပြောသည်။
“နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့၊ တိုင်းပြည်မှာ အမှန်တကယ် ကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေ ပြေလည်ဖို့ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်များပါဝင်တဲ့ တွေ့ဆုံဆွေး နွေးပဲဖြစ်ဖို့၊ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆောင်ရွက်ဖို့ နအဖ ကို တိုက်တွန်းချက်ပါတဲ့ NLD ကြေညာချက်ကိုလည်း ဒီနေ့ ထုတ်ပြန်ပါတယ်” ဟု NLD ဗဟို အလုပ်အမှုဆောင် တဦးက ဆိုသည်။
၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ့စီးပွားရေး သုံးသပ်ချက် စာတမ်းကို ထုတ်ပြန်ခဲ့ပြီး မြန်မာ့စီးပွားရေး အကျပ်အတည်းမှ လွန်မြောက်နိုင်သော နည်းလမ်းများအနေဖြင့် လူမျိုးအားလုံး တန်းတူညီမျှ အလုပ်လုပ်နိုင်ရန် အခွင့်အလမ်း ရရှိစေရေး၊ ၀င်ငွေအဆင့် အတန်းမြင့်မားကာ ဆင်းရဲနွမ်းပါးမှု လျော့နည်း ပပျောက်ရေး၊ ဒေသ အလိုက်နှင့် လူမျိုးများအကြား တည်ရှိနေသည့် လူမှုရေး စီးပွားရေး မညီမျှမှုများ လျော့နည်းစေရေး ဆောင်ရွက်ရမည်ဟု သုံးသပ်ဖော်ပြထားသည်။
အဆိုပါစာတမ်း၌ မြန်မာနိုင်ငံတွင် ပြည်တွင်း လှည့်လည်သုံးစွဲငွေ အဖြစ် ၁၉၈၈ ခုနှစ် ဒီဇင်ဘာလက ကျပ်ကုဋေပေါင်း ၁၈၀၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် ကျပ်ကုဋေ ၄ သိန်းကျော်အထိ များပြားလာခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားကြောင်း၊ လက်ရှိတွင် လွတ်လပ်သော စီးပွားရေးစနစ် ကျင့်သုံးသည်ဟု ဆိုသော်လည်း အခွင့်ထူးခံအသိုင်းအ၀န်းကို စီးပွားရေး အခွင့်အလမ်းများ ပေးအပ်သော ပုဂ္ဂလိက လက်ဝါးကြီးအုပ် စနစ်ကိုသာ အသုံးပြုနေကြောင်း၊ ပညာရေးနှင့် ကျန်းမာရေးတွင် ကျခံ သုံးစွဲမှုမှာ လွန်စွာ နည်းပါးကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် ပြည်သူ့အရေးကို မစဉ်းစားဘဲ ဆည်မြောင်း၊ တာတမံ၊ မြစ်ကူးတံတားများ လွန်ကဲစွာ တည်ဆောက် သဖြင့် စိုက်ပျိုးမြေများ အကြီးအကျယ် ထိခိုက်နေကြောင်း ဖော်ပြထားသည်။
ဆက်လက်ပြီး ယင်းစာတမ်းတွင်ပင် အစိုးရဘတ်ဂျက် လိုငွေပြမှုကို ထိန်းသိမ်းရန် ငွေစက္ကူသစ်များ ထပ်မံရိုက်နှိပ်ခြင်း မပြုဘဲ အစိုးရ ငွေချေးစာချုပ်များ ပိုမိုရောင်းချခြင်း၊ အခွန်ငွေကို အလေအလွင့်မရှိစေရန် ကောက်ခံခြင်းများ ပြုလုပ်၍ ထိရောက်စွာ သုံးစွဲသင့်ကြောင်း အကြံပြုထားသည်။
NLD အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၏ အကျိုးဆက်အား သုံးသပ်ရန် လိုအပ်သည်ကို အသိအမှတ်ပြုကြောင်း၊ လူသား အရင်းအမြစ်နှင့် ကျန်းမာရေး၊ ပညာရေး အသုံးစရိတ်တိုးမြှင့်ကာ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာသော၊ တာဝန်ခံသော၊ အကျင့်ပျက်လာဘ်စားမှု ကင်းသော၊ ထက်မြက်ထိရောက်သော မျှတပြီး တမျိုးသားလုံးပါဝင်နိုင်သော အုပ်ချုပ်ရေး ယန္တရား ဖော်ဆောင်ရန် လိုအပ်ကြောင်း ထိုစီးပွားရေးသုံးသပ်ချက် ကြေညာ စာတမ်းတွင် ဖော်ပြထားသည်။
ယနေ့ ကျင်းပသော ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ NLD အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီများ၊ ရန်ကုန် အခြေစိုက် နိုင်ငံရေးပါတီများ၊ သတင်းမီဒီယာများ အပါအဝင် အင်အား အင်အားရာဂဏန်းချီ၍ တက်ရောက်ခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ၆၃ နှစ်မြောက်လွတ်လပ်ရေးအခမ်းအနား တက်ရောက် လာသူများကို စစ်အစိုးရ ရဲများက ဓာတ်ပုံရိုက်ကူးခြင်း၊ မှတ်တမ်းတင် ဗီဒီယိုရိုက်ကူးခြင်းများ ပြုလုပ်ခဲ့သော်လည်း တစုံတရာ အနှောင့်အယှက် ပေးခဲ့ခြင်း မရှိကြောင်း သိရသည်။
အခမ်းအနားအပြီး နိုင်ငံရေးအကျဉ်းသားနှင့် မိသားစုဝင်များကို ကူညီစောင့်ရှောက်မှုပေး လိုသော စေတနာရှင်များအား နိုင်ငံရေးအကျဉ်းသား အမည်ပါသော မဲလိပ်များ နှိုက်ယူ မဲဖောက်ကာ တာဝန်ယူစေသည့် အစီအစဉ် ကျင်းပသည်။
ဒေါ်အောင်ဆန်းစုကြည်က လှိုင်သာယာမြို့နယ်မှ နိုင်ငံရေးအကျဉ်းသား တဦး၏ မိသားစုကို ကူညီရန် မဲပေါက်ခဲ့သည်။ အလားတူ ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို NLD ပါတီမှ ခွဲထွက်ထူထောင်ကာ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ခဲ့သည့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီကလည်း ၎င်း ရုံးချုပ်တွင် ယနေ့ ကျင်းပခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးရယူခဲ့သည့် ရလဒ်ဖြစ်သဖြင့် ဤအခမ်းအနားကို ကျင်းပရခြင်းဖြစ်ကြောင်း NDF ပါတီ တာဝန်ရှိသူများက ဆိုသည်။
လွတ်လပ်ရေးအား ပိုင်ဆိုင်ခြင်းနှင့်အတူ ထိမ်းသိမ်းဖို့ရန် တာဝန်လည်း မြန်မာပြည်သူများ ထံတွင်ရှိကြောင်း၊ လွတ်လပ်ရေးတွင် အခွင့်အရေးများ ရှိသကဲ့သို့ တာဝန်များလည်းရှိကြောင်း၊ NDF သည် ငြိမ်းချမ်းသောနည်း၊ စီးပွား ရေးဖွံ့ဖြိုး တိုးတက်သော လမ်းကြောင်းမှ အမျိုးသား ရင်ကြားစေ့ရေး ပန်းတိုင်သို့ အရောက်ချီတက်ပြီး ထိုမှ တဆင့် ဒီမိုကရေစီ လူ့ဘောင်သို့ ချီတက်ရန် မျှော်မှန်ကြောင်း အဆိုပါ အခမ်းအနားတွင် NDF ပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေကပြောသည်။
လွတ်လပ်သော နိုင်ငံတခုရှိ ပြည်သူများတွင် ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ ဖြစ်မှု၊ ခိုကိုးရာမဲ့မှု၊ ပညာမတတ်မှု၊ ကျန်းမာရေး ချို့တဲ့မှု စသည့် လူမှုရေး နာကျင်မှုများ ရှိနေပါက အနှစ်သာရ ပြည့်ဝသည့် လွတ်လပ်မှု မဖြစ်နိုင်ဟု အမျိုးသား ဒီမိုကရေစီအင်အားစုက ခံယူထားကြောင်း NDF က ၆၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ သ၀ဏ်လွှာ ထုတ်ပြန်သည်။
၎င်း အခမ်းအနားသို့ ရန်ကုန်တိုင်းအတွင်းရှိ NDF ပါတီဝင်များ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ကြပြီး သဘာပတိအဖြစ် နိုင်ငံရေးဦးဆောင်သူ ဦးခင်မောင်ဆွေမှ ဆောင်ရွက်သည်။
၂၀၁၀ ရွေးကောက်ပွဲတွင် NDF ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦး အနိုင် ရရှိခဲ့သော်လည်း သဃန်းကျွန်းမြို့နယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်အား ပါတီမှ ထုတ်ပယ်ထားသည့်အတွက် အနိုင်ရ ကိုယ်စားလှယ် ၁၅ ဦး ရှိသည့် ပါတီဖြစ်သည်။
ယနေ့ထုတ် စစ်အစိုးရပိုင် သတင်းစာများတွင်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပေးပို့သည့် ၆၃ နှစ်မြောက် လွတ်လပ်ရေးနေ့ သဝဏ်လွှာပါရှိပြီး ယင်းသဝဏ်လွှာ၌ စစ်အုပ်ချုပ်ရေး ယူထားသည့်ကာလအတွင်း တပ်မတော်သည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေခံကောင်းများကို ဘက်စုံ တည်ဆောက်ပေးနိုင်ခဲ့ကြောင်း၊ ထိုသို့ တည်ဆောက်ပေးနိုင်မှုများသည် သမိုင်း မှတ်တိုင်အဖြစ် ကျန်ရှိနေမည် ဖြစ်ကြောင်း၊ ပြည်သူများအပေါ်၌ စေတနာကြီးမားပြီး တာဝန်ကျေသည့် တပ်မတော် ဖြစ်ကြောင်း ပါရှိသည်။
“မြန်မာနိုင်ငံကို အင်အားချည့်နဲ့ သွားစေရန်အတွက် တခုတည်းသော နည်းလမ်းမှာ ပြည်ထောင်စုပြိုကွဲရေးနှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှု ယိုယွင်း ပျက်စီးရေးပင် ဖြစ်ပေသည်။ ထိုအချက်ကို ဖော်ဆောင်ရန်အတွက် နိုင်ငံရေး သစ္စာတရား နည်းပါး သူတို့ကို အသိမဲ့သော်လည်းကောင်း၊ သိပါလျက်သော်လည်းကောင်း စည်းရုံးသိမ်းသွင်း အသုံးချကာ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်းကို ဖျက်လိုဖျက်ဆီး ကြံစည်အားထုတ် လုပ်ဆောင်လာနိုင်ပေသည်” ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်း၏ သဝဏ်လွှာတွင် ထည့်သွင်းပြောဆိုထားသည်။
ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ခြင်းသည် နိုင်ငံသူ နိုင်ငံသားများအတွက် ဂုဏ်ယူဖွယ်ရာ အစဉ်အလာကောင်း ဖြစ်သည် ဟူ၍လည်း ၎င်း သဝဏ်လွှာတွင် ပါရှိသည်။
ဧရာဝတီ သတင်းထောက် အောင်သက်ဝိုင်းနှင့် မြတ်ကျော့ ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:16:00 AM
NLD ရန်ပုံငွေ ဈေးရောင်းပွဲ ကျပ်သိန်း ၂၀၀ ကျော်ဖိုးရောင်းရ
နိုင်ငံရေး အကျဉ်းသားများ ကူညီရေးနှင့် လူမှုအထောက် အကူပြုရေး ရန်ပုံငွေအတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကျင်းပသည့် ဈေးရောင်းပွဲတော်သို့ လူပေါင်း ထောင်နှင့်ချီ၍ လာရောက်ခဲ့ပြီး ကျပ်သိန်း ၂၀၀ ကျော်ဖိုး ရောင်းချခဲ့ရကြောင်း သိရှိရသည်။
ဇန်နဝါရီလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ကျင်းပခဲ့သည့် ဈေးရောင်း ပွဲတော်သည် ၁၉၉၀ ရွေးကောက်ပွဲ နောက်ပိုင်း ပထမဆုံး ပြန်လည် ပြုလုပ်သည့်ပွဲ ဖြစ်ကြောင်း၊ ယခု ပွဲသည် ဈေးရောင်းသည်နှင့် မတူဘဲ အလှူအတန်းတခု ကျင်းပသည့် ပုံစံမျိုးနှင့် ပိုတူကြောင်း NLD လူငယ်အဖွဲ့ဝင် တဦးဖြစ်သူ ကိုရာဇာက ပြောသည်။
“ပြီးခဲ့တဲ့ နှစ်ရက်မှာ ရောင်းရတာကတော့ သိန်း ၁၀၀ ကျော်မယ်။ ဒီနေ့နဲ့ဆိုရင် သိန်း ၂၀၀ ဖိုးလောက် ရောင်းရတယ်။ ဒီကနေ ရတဲ့အကျိုး အမြတ်တွေကို လူကြီးတွေက အချိုးကျ ပြန်ခွဲပြီး လူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုသွားဖို့ ရှိတယ်” ဟု ကိုရာဇာက ဆိုသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ မတိုင်မီကာလများတွင် NLD သည် လူမှုအခြေပြု လုပ်ငန်းများ အတွက် ပင်နီတိုက်ပုံများ၊ NLD အမှတ်တရ ရင်ထိုးတံဆိပ်များကို ရောင်းချ၍ လူမှုရေး လုပ်ငန်းများ အတွက် အသုံးပြုခဲ့သည်ဟု ပြောပြသည်။
ဦးအေးသာအောင်က ဆက်လက်၍ “ဒီနှစ်အတွက် ထူးခြားတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးဝင်းတင်တို့က သူတို့ရထားတဲ့ လက်ဆောင်ပစ္စည်းတွေကို လူမှုရေးလုပ်ငန်း ရန်ပုံငွေအတွက် ဈေးပွဲတော်မှာ ပြန်ရောင်းတယ်ဆိုတဲ့ ကိစ္စပါပဲ။ အရင်နှစ်တွေတုန်းကတော့ ဒါမျိုး မရှိခဲ့ဘူးလေ” ဟု ဆိုသည်။
ဈေးရောင်းပွဲတော်တွင် NLD ပါတီတွင်းမှ ဌာနအလိုက် ရောင်းချခဲ့ခြင်းဖြစ်ပြီး ဆိုင်ခန်း ၂၀ ခန့် ပါဝင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရေးဆွဲထားသည့် ပို့စ်ကတ်များ အပါအဝင် ဓာတ်ပုံ၊ သော့ချိတ်၊ စာအုပ်စာတမ်းများနှင့် တိုင်းရင်းသား ဝတ်စုံများကို ရောင်းချခဲ့ကြောင်းလည်း သိရှိရသည်။
ကိုရာဇာက “လာရောင်းကြတာကတော့ မြို့နယ်၊ ပြည်နယ်အလိုက်က NLD အဖွဲ့ဝင်တွေ၊ ကျနော်တို့ လူငယ်အဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေနဲ့ ခြံအမှတ် ၅၄ လို့ နာမည်ပေးထားတဲ့ အန်တီစု ပါဝင်တဲ့ အရောင်းဌာနတွေကနေ ရောင်းချကြတယ်။ ခြံအမှတ် ၅၄ အဖွဲ့ကတော့ အန်တီစုနဲ့ သက်ဆိုင်တဲ့ ပို့စ်ကတ်၊ ပြက္ခဒိန်၊ သော့ချိတ်တွေ ရောင်းချတယ်။ သူတို့ကတော့ ရောင်းအကောင်းဆုံးပဲ” ဟု ပြောသည်။
ဈေးရောင်းပွဲတော်သို့ သွားရောက်ခဲ့သူ ရန်ကုန်မြို့ခံတဦးက “လူတွေ တော်တော်သွားကြတယ်။ အားပေးတဲ့ သူတွေလည်း များတယ်။ အန်တီစုနဲ့ ပတ်သက်တဲ့ ပစ္စည်းတွေ အများကြီး ရောင်းရတယ်။ တခြားပစ္စည်းတွေ ဥပမာ တိုင်းရင်းသား အဝတ်အထည်တို့ စာအုပ်တွေ ဘာတွေကိုလည်း ဈေးပွဲတော်မှာ ရောင်းကြတယ်။ ဒါပေမယ့် အန်တီစုပုံပါတဲ့ ပြက္ခဒိန်တို့၊ သူဆွဲထားတဲ့ ပန်းချီပို့စ်ကတ်တွေ၊ သော့ချိတ်လေးတွေကို အများဆုံး ဝယ်ကြတယ်။ တချို့တွေဆိုရင် သော့ချိတ်တွေဝယ်ပြီး ဖုန်းမှာ ချက်ခြင်း တပ်လိုက်ကြတာမျိုးလည်း ရှိတယ်” ဟု ဆိုသည်။
ရန်ကုန် အခြေစိုက် သတင်းထောက်တဦးကလည်း “သူတို့ရောင်းတဲ့ ဈေးနှုန်းတွေက တအားကြီး ဈေးကြီးတာမျိုး မဟုတ်တော့ ဈေးရောင်းပွဲ သွားကြတဲ့သူတိုင်းနီးပါး ဝယ်ကြတယ်။ ပြီးတော့ ခုကာလကလည်း ဒေါ်စုပုံနဲ့ ဗိုလ်ချုပ်ပုံတွေကို လွတ်လွတ်လပ်လပ် သဘောမျိုး ဝယ်ခွင့်ရနေတဲ့ အခါကျတော့ လူတွေ တော်တော်ဝယ်ကြပါတယ်။ တခြားနေရာတွေမှာ ရောင်းလို့မရတော့ ဝယ်နိုင်ကြတာပေါ့”ဟု ပြောသည်။
ယခု ဈေးရောင်းပွဲတော်၏ အကျိုးအမြတ်များကို နိုင်ငံရေး အကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ရေး၊ HIV/AIDS ဝေဒနာရှင်များ ပြုစုရေး၊ သဘာဝ ဘေးဒဏ်ခံရသော ဒေသများအတွက် ကူညီရေးတို့၌ ပြန်လည် အသုံးပြုသွားမည်ဟုလည်း သိရှိရသည်။
NLD သည် လူမှုအခြေပြု လုပ်ငန်းများအဖြစ် HIV/AIDS ဝေဒနာရှင်များကို ဂေဟာ သုံးခုဖွင့်လှစ်၍ စောင့်ရှောက်ခြင်း၊ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကဲ့သို့သော သဘာဝဘေးဒဏ်ခံ ဒေသများကို ထောက်ပံ့ကူညီခြင်း၊ အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားများ၏ မိသားစုများကို ထောက်ပံ့ခြင်း စသည့် လုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။
လက်ရှိ အကျဉ်းကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားပေါင်း ၂၂၀၀ ကျော်တို့ကို အမြန်ဆုံးလွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အပါအဝင် အခြားသော အဖွဲ့အစည်းများက ယမန်နေ့က တောင်းဆိုခဲ့ကြသည်။
ဧရာဝတီသတင်းထောက် စိုင်းဇွမ်ဆိုင်း ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:16:00 AM
ဖုန်းများကို ကြားဖြတ်ခိုးယူနားထောင်ရန် စီစဉ်နေ
စစ်အစိုးရက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ အနုပညာ နယ်ပယ်နှင့် မီဒီယာ လုပ်ငန်းတို့မှ လူပေါင်း ၃၀၀၀ ကျော်တို့၏ တယ်လီဖုန်းများကို ကြားဖြတ် နားထောင်ရန် စီစဉ်လျက်ရှိသည်ဟု ယင်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ပါဝင်သူ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ယင်းကဲ့သို့ တယ်လီဖုန်းများကို ကြားဖြတ်ခိုးယူ နားထောင်ရန် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) က စီစဉ်ခြင်းဖြစ်ပြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အင်ဂျင်နီယာဌာနက နည်းပညာပိုင်း အကောင် အထည်ဖော် ပေးရကြောင်း သိရသည်။
ဖုန်းများ ခိုးယူနားထောင်သည့် လုပ်ငန်းကို စရဖ အဖွဲ့ဝင် ၂၀ ကျော်နှင့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ အင်ဂျင်နီယာ ၁ ဦးတို့က အလှည့်ကျနှုန်း ၂၄ နာရီ တာဝန် ယူသွားရမည် ဖြစ်ကြောင်း၊ သို့ရာတွင် မည်သည့်နေရာတွင် အခြေစိုက်စခန်း ထားရှိမည်ကို ရွေးချယ်နေဆဲ ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူက ဆိုသည်။
ဖုန်းများကို ခိုးယူနားထောင်ရာတွင် GSM နှင့် CDMA စသည့် မိုဘိုင်း ဖုန်းများသာပါဝင်ပြီး ကြိုးဖုန်းများ မပါဝင်ဟု သိရသည်။
ဖုန်း ခိုးယူနားထောင်ရန် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသို့ စရဖ က စာရင်းပေးထား သူများထဲတွင် နိုင်ငံရေးနယ်ပယ်မှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အမှုဆောင် လူကြီးများအပြင် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများမှ ခေါင်းဆောင်တချို့နှင့် တသီးပုဂ္ဂလ လွှတ်တော်အမတ် တချို့တို့၏ ဖုန်းများလည်း ပါဝင်သည်ဟု သူက ဆက်ပြောသည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများဖြစ်သည့် ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးထွန်းမြင့်နိုင်၊ ဦးချစ်ခိုင် နှင့် ဦးနေအောင်တို့အပြင် တခြားစီးပွားရေးလုပ်ငန်းရှင်ပေါင်း ၆၀ ကျော်တို့၏ ဖုန်းနံပါတ်များ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ အနိုင်ရ လွှတ်တော်အမတ်များ ဖြစ်သည့် ဦးခင်ရွှေ၊ ဦးဌေးမြင့်၊ ဦးဝင်းမြင့်၊ ဦးကိုကိုကြီးတို့၏ ဖုန်းနံပါတ်များလည်း ပါဝင်နေကြောင်း သိရသည်။
လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူများဖြစ်သည့် စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူ၊ မဖြူဖြူသင်း၊ ဒေါ်ရွှေဇီးကွက်နှင့် အနုပညာနယ်ပယ်မှ ဒါရိုက်တာ မောင်မျိုးမင်း၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာ ချိုတူးဇော်၊ အဆိုတော် အနဂ္ဂ၊ ရန်ရန်ချန်း၊ ကျားပေါက်နှင့် တခြားဟစ်ပ်ဟော့ပ်အဆိုတော်အချို့တို့ ပါဝင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောပြသည်။
၎င်းပြင် Eleven Media Group မှ အမှုဆောင် ဒါရိုက်တာ ဒေါက်တာသန်းထွဋ်အောင်၊ The Voice ဂျာနယ်မှ ဒေါက်တာ နေ၀င်းမောင်၊ 7Days သတင်း ဂျာနယ် အယ်ဒီတာချုပ် ဦးသောင်းစုငြိမ်း၊ Yangon Media Group မှ အယ်ဒီတာချုပ် ကိုကို (စက်မှုတက္ကသိုလ်) နှင့် နိုင်ငံခြား သတင်းထောက်များ ဖြစ်သော ဒေါ်အေးအေးဝင်း၊ ဦးအောင်လှထွန်းတို့၏ ဖုန်းများသည် လည်း ကြားဖြတ်နားထောင်မည့် စာရင်းတွင် ပါဝင်ကြောင်း တွေ့ရသည်။
တယ်လီဖုန်း ကြားဖြတ်နားထောင်မည့်သူများ စာရင်းတွင် ကြံ့ဖွံ့ပါတီအနိုင်ရ အမတ်များ၊ စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပါဝင်နေသဖြင့် ယခုအစီအစဉ်နှင့် ပတ်သက်၍ စရဖ အဖွဲ့ကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင် တိုက်ရိုက် ညွှန်ကြားခြင်း ဖြစ်နိုင်ကြောင်း ဆက်သွယ်ရေးမှ တာဝန်ရှိသူက ခန့်မှန်းပြောဆိုသည်။
ယခင် ထောက်လှမ်းရေးခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်အာဏာရှိစဉ် စစ်ထောက်လှမ်းရေး ခေတ်က ယင်းကဲ့သို့ တယ်လီဖုန်းများ ကြားဖြတ်ခိုးယူ နားထောင်သည့် အစီအစဉ် ရှိခဲ့သော်လည်း စစ်ထောက်လှမ်းရေး အဖွဲ့ဖျက်သိမ်းခဲ့သည့် ၂၀၀၄ ခုနှစ် နောက်ပိုင်းတွင် ယင်းအစီအစဉ် ပျက်ပြယ်သွားခဲ့သည်။
“အရင် စစ်ထောက်လှမ်းရေး ခေတ်တုန်းကတော့ တယ်လီဖုန်းက ရှားတယ်။ သူတို့ခိုးနားထောင်တာက အလုပ်ဖြစ်တယ်။ အခုနောက်ပိုင်းက ဖုန်းတွေက ပေါလာတော့ တော်တော်များများလည်း ဖုန်းတွေ ပြောင်းကိုင်လာတော့ သူတို့အစီအစဉ်က အောင်မြင်မယ် မထင်ဘူး” ဟု ဆက်သွယ်ရေး အရာရှိ တဦးက ပြောသည်။
မြန်မာ စစ်အစိုးရသည် ၎င်းတို့ အာဏာတည်မြဲရေးအတွက် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကို အမြဲတစေ စောင့်ကြည့်နေလေ့ရှိပြီး တယ်လီဖုန်း မှတ်တမ်းများကို သက်သေခံချက်များပြုလုပ်ကာ တရားစွဲဆို၍ ထောင်ဒဏ် အပြစ်ပေးမှုများ ပြုလုပ်လေ့ရှိသည်။
၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးအပြီး ကာလတွင်လည်း မြန်မာနိုင်ငံရှိ နိုင်ငံရေးသမားများ၊ သတင်းစာ ဆရာများနှင့် ကျောင်းသားလူငယ်တို့၏ တယ်လီဖုန်း အလုံး ၂၀၀ ခန့်ကို အကြောင်းပြချက်မရှိဘဲ ပိတ်ပင်ခဲ့သည်။
ဧရာဝတီသတင်းထောက် ဆက်လင်း ရေးသားသည်။
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:10:00 AM
၀၄.၀၁.၂၀၁၁ အတွက် ဧရာဝတီသတင်းတိုများ
မဲဆောက် UN ရုံးရှေ့တွင် လက်ပစ်ဗုံး ၂ လုံးဖြင့် ဆန္ဒပြနေသူ လက်နက်ချ အဖမ်းခံ
ရခိုင်ပြည်နယ်တွင် ကြံ့ဖွံ့က အနိုင်ရ RNDP ပါတီကိုတရားစွဲ
NLD ဈေးရောင်းပွဲတွင် တရက် ကျပ် သိန်း ၅၀ ကျော် ရောင်းရ
ဒီမိုကရေစီအရေး လှုပ်ရှားသူများက နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆို
ဒေါ်လာဈေးကျ၊ ပြည်ပပို့ကုန်လုပ်ငန်းများ အရှုံးပေါ်ရပ်ဆိုင်း
တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၁၆၆ ဦး နိုင်ငံရေးသင်တန်း တက်ရမည်
မူလသတင်းရင်းမြစ်
ဧရာဝတီသတင်း
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:06:00 AM
၀၄.၀၁.၂၀၁၁ အတွက် VOA Burmese မှသတင်းများ
စစ်မှန်တဲ့ လွတ်လပ်ရေးအတွက် ညီညွတ်ကြဖို့ ဒေါ်စု တိုက်တွန်း
နိုင်ငံတော်အလံသစ် မ၀ယ်မနေရ
မြို့ထဲက မြေညီထပ် အိမ်ခန်းတွေ၊ ဈေးဆိုင်ခန်းတွေကို လွတ်လပ်ရေးနေ့မှာ အလံသစ် လွှင့်ထူရမယ်ဆိုပြီး မ၀ယ်မနေရ သက်ဆိုင်ရာက လိုက်ရောင်းနေပါတယ်။
မူလသတင်းရင်းမြစ်
voa
ပို့စ်တင်ထားသူ
ngffbm
0
ဝေဖန်ရေးသားချက်
တင်ရှိချိန်
1/05/2011 06:04:00 AM


















